စစ်ဘေးရှောင်တွေအတွက် အစားအစာ၊ ရေ၊ အမိုးအကာနဲ့ ဆေးဝါးတွေ အထူးလိုအပ်နေ

စစ်ဘေးရှောင်တွေအတွက် အစားအစာ၊ ရေ၊ အမိုးအကာနဲ့ ဆေးဝါးတွေ အထူးလိုအပ်နေ

စစ်တပ်အာဏာသိမ်းမှုနဲ့ ကိုဗစ်ကပ်ရောဂါကြောင့် မြန်မာပြည်အတွင်းရှိ ဌာနေတိုင်းရင်းသားတွေဟာ အကြပ်အတည်းများစွာနဲ့ ရင်ဆိုင်နေရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) က ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။

ဒီကနေ့ ဩဂုတ် ၉ ရက်နေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ဌာနေတိုင်းရင်းသားများနေ့နဲ့ ပတ်သက်ပြီး ကရင်လူ့အခွင့်အရေးအဖွဲ့က ကြေညာချက် ထုတ်ပြန်လိုက်တာပါ။

ဖေဖေါ်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုဖြစ်ပြီးကတည်းက မြန်မာပြည်တစ်ဝန်းလုံးမှာ စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား  ပစ်ခတ်တိုက်ခိုက်မှု ပိုမိုများပြားလာခဲ့ပြီး မြန်မာပြည်အရှေ့တောင်ပိုင်းမှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်မှု၊ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ဒေသခံရွာသားတွေ သေဆုံး ထိခိုက်ဒဏ်ရာရရှိတာ၊ သောင်းနဲ့ချီတဲ့ ရွာသားတွေ နေရပ်ရွှေ့ပြောင်းနေရတာတွေရှိတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

တောထဲတောင်ထဲမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံရွာသားတွေဟာ အစားအစာ၊ ရေ၊ အမိုးအကာနဲ့ ဆေးဝါးတွေကို အထူးလိုအပ်နေပြီး စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုကို ကြောက်နေရတဲ့အတွက် နေအိမ်မပြန်ရဲတဲ့ ရွာသားတွေများစွာရှိနေတယ်လို့လည်း KHRG ကဆိုပါတယ်။

ဒါ့အပြင် တိုင်းရင်းသားဒေသတွေမှာ လက်နက်ကိုင်ပဋိပက္ခ ပိုမိုပြင်းထန်လာတာကြောင့် ရင်ဆိုင်နေရတဲ့ အခက်အခဲတွေအပြင် ကိုဗစ်ကပ်ဘေးကြောင့်လည်း အဲ့ဒီအခက်အခဲတွေကို ပိုမိုဆိုးရွားစေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ သူတို့ရဲ့ စစ်ရေးလှုပ်ရှားမှုကို ပိုမိုလုပ်ဆောင်ဖို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ကိုဗစ်ကာကွယ်တားဆီးရေး လုပ်ဆောင်နေမှုကို နှောင့်ယှက်ဖျက်ဆီးမှုတွေ ပြုလုပ်နေပြီး ကိုဗစ်ကပ်ဘေးကို လက်နက်သဖွယ် အသုံးပြုနေတာကြောင့် မလိုအပ်ပဲ အသက်ဆုံးရှုံးမှုတွေများစွာ ဖြစ်ပေါ်စေတယ်လို့လည်း KHRG က ဆိုပါတယ်။

အခက်အခဲ အကြပ်အတည်းတွေကို ရင်ဆိုင်နေရတဲ့ ဌာနေတိုင်းရင်းသားတွေရဲ့ အခွင့်အရေးရရှိရေးကို ကူညီထောက်ပံ့ပေးတဲ့အပြင် သူတို့ရဲ့ ကြံ့ကြံ့ခံနိုင်စွမ်းကိုလည်း နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အသိအမှတ်ပြုဖို့ KHRG က တိုက်တွန်းထားပါတယ်။

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...