အာဏာသိမ်းလက်နက်ကိုင်အဖွဲ့က ဖမ်းဆီးထားတဲ့ မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးက ခွဲစိပ်အထူးကုဆရာဝန် ကိုဗစ်ရောဂါနဲ့ကွယ်လွန်

အာဏာသိမ်းလက်နက်ကိုင်အဖွဲ့က ဖမ်းဆီးထားတဲ့ မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးက ခွဲစိပ်အထူးကုဆရာဝန် ကိုဗစ်ရောဂါနဲ့ကွယ်လွန်

အာဏာသိမ်းလက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခဲ့တဲ့ ခွဲစိတ်အထူးကုဆရာဝန် ဒေါက်တာမောင်မောင်ငြိမ်းထွန်းဟာ ဒီနေ့ ဩဂုတ် ၈ ရက်၊ မနက် ၆ နာရီ ၃၈ မိနစ်က မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးမှာ ကျဆုံးသွားတယ်လို့ အမည်အဖော်လိုတဲ့ ဆရာဝန်တစ်ဦးက မဇ္ဈိမကိုပြောပါတယ်။

ဒေါက်တာမောင်မောင်ငြိမ်းထွန်းကို CRPH ၊ NUG တို့နဲ့ ဆက်သွယ်လုပ်ဆောင်တာတွေရှိတယ်ဆိုပြီး ဇူလိုင်လအတွင်းက မဟာအောင်မြေမြို့နယ်ရဲစခန်းကနေ မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇ (၁) ဖြင့် ဖမ်းဆီးကာ မန္တလေးအိုးဘိုထောင်ကို ပို့ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။

အိုးဘိုထောင်အတွင်းမှာ ကိုဗစ်ကူးစက်ခံရပေမယ့် ဆေးကုသခွင့် မရခဲ့ဘူးလို့သိရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကမှ မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးကို တက်ရောက်ကုသခွင့်ပေးခဲ့ပြီး ဒီနေ့မှာတော့ ကိုဗစ်ရောဂါနဲ့ သေဆုံးခဲ့တာလည်းဖြစ်ပါတယ်။

"အိုးဘိုထောင်ထဲကိုရောက်တယ်။ ကိုဗစ်ကူးစက်ခံရတယ်။ ထောင်တွင်းမှာမသက်သာလို့ မန္တလေးဆေးရုံကြီးမှာ တက်ရောက်ကုသတယ်။ ဒီနေ့ဆုံးတယ်။ ဆေးရုံတက်နေတာတော့ ၁၀ ရက်လောက်ရှိပြီ။ ထောင်ထဲမှာ ကုသခွင့်မရခဲ့ဘူး" လို့ အမည်မဖော်လိုတဲ့ ဆရာဝန်တစ်ဦးက ပြောပါတယ်။

ဒေါက်တာမောင်မောင်ငြိမ်းထွန်းဟာ မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးက ခွဲစိပ်အထူးကုဆရာဝန်တစ်ဦးဖြစ်ပြီး မန္တလေးမြို့ မဟာမြိုင်ရပ်ကွက်မှာ နေထိုင်သူဖြစ်ပါတယ်။

ရုပ်အလောင်းကိုတော့ မိသားစုက သဂြိုလ်ခွင့်ရရှိတယ်လို့သိရပြီး ဘယ်အချိန် သဂြိုလ်ရမယ်ဆိုတာတော့ မသိရသေးပါဘူး။

ဓာတ်ပုံ - (မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည့် ကျေးရွာတစ်ရွာကို တွေ့ရစဉ် / Crd)
August 29, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များ တည်ရှိရာ ဒေသများသို့ ဦးတည်...
ဓာတ်ပုံ - (မန်ကတ်မြို့ သင်တန်းကျောင်း၌ စစ်မှုထမ်းရန် စုဆောင်းခံထားရသူများကို တွေ့ရစဉ် / MOI)
August 28, 2026
ရန်ကုန်နှင့် မန္တလေး မြို့ကြီးများတွင် စစ်မှုထမ်းရန် တပ်သားစုဆောင်းရေးအတွက်...
August 28, 2026
မန္တလေး အိုးဘိုအကျဉ်းထောင်အတွင်း ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများအပေါ် အောက်ခြေ ထောင်ဝန်...
August 27, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်အုပ်စုတပ် စစ်ကြောင်းသည်...