ကိုဗစ်ကာလ ဒုက္ခသည်စခန်းရှိကလေးများ ပညာရေးအတွက် KRCEE မှ သင်ကြားရေးနည်းလမ်း ၂ ခု ရွေးချယ်ထား

ကိုဗစ်ကာလ ဒုက္ခသည်စခန်းရှိကလေးများ ပညာရေးအတွက် KRCEE မှ သင်ကြားရေးနည်းလမ်း ၂ ခု ရွေးချယ်ထား

ကိုဗစ်ကူးစက်မှု များပြားလာသောကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်ဒုက္ခသည်စခန်းများတွင် ကျောင်းများပိတ်ထားရသည့်အတွက် ကျောင်းသူ/ကျောင်းသားများ ပညာသင်ကြားနိုင်ရန် ကရင်ဒုက္ခသည်ကော်မတီဆိုင်ရာ ပညာရေးအဖွဲ့ (KRCEE) မှ သင်ကြားရေးနည်းလမ်း (၂) ခုကို ရွေးချယ်ထားသည်ဟု သက်ဆိုင်ရာ တာဝန်ရှိသူထံမှ သိရသည်။

ဒုက္ခသည်စခန်းအတွင်းရှိ ကျောင်းသူ/ကျောင်းသားများသည် ကျောင်းစာနှင့် အဆက်မပြတ်စေရေးအတွက် KRCEE မှ ရွေးချယ်ထားသည် နည်းလမ်း ၂ ခုသည် ရေဒီယိုမှတစ်ဆင့် အသံလွှင့်သင်ကြားရေးစနစ် (စမတ်ရေဒီယို) နှင့် Paper West စာရွက်ဖြန့်ပြီး သင်ကြားပို့ချခြင်းစနစ်ဟူ၍ နည်းလမ်းများ ရှာဖွေထားသည်။

KRCEE မှ ပြောခွင့်ရတစ်ဦး စောထူးကပေါ်က “ပထမတစ်ခုက အိမ်တိုင်ရာရောက် သင်ကြားပေးတဲ့စတိုင်းလိုမျိုးပေါ့။ ဒါပေမယ့် အရင်လုပ်တဲ့ပုံစံမျိုးထက်တော့ ကောင်းရမယ်။ အဲဒါနဲ့အဆင်မပြေရင်တော့ (စမတ်ရေဒီယို) ရေဒီယိုနဲ့ သင်ကြားရေးစနစ်ကို သွားမှာပေါ့။ ရေဒီယိုအပိုင်းကတော့ ထိုင်းအာဏာပိုင် (ပလာ) တွေကို ရေဒီယိုလိုင်းပေးဖို့ ခွင့်တောင်းရမှာပေါ့။ ဒီနည်းလမ်း ၂ ခုက တစ်ခုပဲရွေးမှာပေါ့။ ဒုက္ခသည်စခန်းနဲ့က ဘယ်အခုနဲ့အဆင်ပြေမလဲ၊ ငွေရေးကြေးရေးအပိုင်းနဲ့လည်း ဘယ်တစ်ခုက နိုင်မလဲပေါ့။ သေချာရွေးချယ်ပြီး ဆုံးဖြတ်ရအုံးမယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ဒုက္ခသည်စခန်းများတွင် စာသင်ကျောင်းများ စပိတ်ရသည့်အချိန်တွင် အိမ်တိုင်ရာရောက် သင်ကြားရေးစနစ်ကိုလည်း ယခင်က စီစဉ်ထားခြင်းရှိခဲ့သော်လည်း နောက်ပိုင်းတွင် အိမ်အပြင်ထွက်ခွင့်၊ ရပ်ကွက်ဖြတ်ကျော်ခွင့်မရတော့ဘဲ အိမ်တိုင်း Lock Down သတ်မှတ်သည့်အတွက် အဆိုပါသင်ကြားရေးနည်းလမ်း (၂) ကို ပြောင်းလဲစဉ်းစားထားခြင်းဖြစ်ကြောင်း စောထူးကပေါ်က ဆိုသည်။

မယ်ရာမိုဒုက္ခသည်စခန်းမှ ကျောင်းဆရာမတစ်ဦးကလည်း “ရောဂါထိန်းချုပ်နိုင်မှ စခန်းမှာ ကျောင်းပြန်ဖွင့်ဖို့ ထိုင်းအာဏာပိုင်ဘက်က ခွင့်ပြုမှာပေါ့နော်။ ကျောင်းများများပိတ်ရင် ကလေးတွေလည်း စိတ်လေတယ်။ ရောဂါကြောင့် ကျောင်းပိတ်တာကတော့ မှန်တယ်။ ဒါပေမယ့် ကူးစက်မှုနည်းလာတဲ့ အခြေအနေရောက်ရင် ကျောင်းမြန်မြန်ဖွင့်ပေးရင်တော့ ကလေးတွေအတွက် အဆင်ပြေမယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ယမန်နှစ်က ကိုဗစ်ပထမလှိုင်း၊ ဒုတိယလှိုင်းဖြစ်နေသည့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် ဒုက္ခသည်စခန်းများ၌ ပညာသင်နှစ်ပြီးဆုံးသည်အထိ သင်ကြားခွင့်ရသော်လည်း ၂၀၂၁-၂၀၂၂ ပညာသင်နှစ်ရောက်သည့်အချိန်တွင် အချို့ဒုက္ခသည်စခန်းများသည် တစ်လကြာသာ ကျောင်းဖွင့်ခွင့်ရသလို ကျောင်းလုံးဝမဖွင့်ရသည်များလည်း ရှိသည်ဟု စခန်းတာဝန်ရှိသူထံမှ သိရသည်။

အုန်းဖျန်ဒုက္ခသည်စခန်းရှိ ကျောင်းသားမိဘတစ်ဦးဖြစ်သူ နော်သလေထူးက “ကလေးတွေက အသက်ကြီးလာတယ်ဆိုတော့ ပညာရေး နောက်ကျမှာ အရမ်းစိုးရိမ်တယ်။ ကလေးအနာဂတ်အတွက်က ကျောင်းအမြန်ပြန်ဖွင့်နိုင်ဖို့ပဲ မျှော်လင့်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ယခုပညာသင်နှစ်တွင် ဒုက္ခသည်စခန်းများရှိ အခြေခံပညာမူလတန်းမှ အထက်တန်းလွန်ကျောင်းအထိ ကရင်ဒုက္ခသည်ဆိုင်ရာ ပညာရေးကော်မတီအဖွဲ့ (KRCEE) လက်အောက်ခံ စာသင်ကျောင်း စုစုပေါင်း (၈၇) ကျောင်းရှိပြီး ကျောင်းသူ/ကျောင်းသားပေါင်း (၁၇,၃၉၆) ဦးရှိကာ ကျောင်းဆရာ/ဆရာမပေါင်း (၁,၀၃၅) ဦးရှိသည်။

ထို့အပြင် KRCEE လက် အောက်ခံကျောင်းထဲတွင် မပါဝင်သည့် အထက်တန်းလွန်ကျောင်း (၉) ကျောင်းရှိကြောင်း KRCEE ထံမှ သိရသည်။

ကိုဗစ်ကြောင့် KNU ထိန်းချုပ်နယ်မြေအတွင်းရှိ (KECD) လက်အောက်ခံ စာသင်ကျောင်းအမြောက်အများမှာ ၂၀၂၁ ခု၊ ဇူလိုင်လမှစ၍ ကျောင်းပိတ်ထားလိုက်ရသလို ရောဂါထိန်းချုပ်နိုင်သည့် အချို့ကျေးရွာများတွင် ရွာအဝင်/အထွက်ပိတ်ပြီး ကျောင်းဆက်လက်ဖွင့်နိုင်သည့် ကရင်ပညာရေးဌာန၏ စာသင်ကျောင်းအချို့လည်းရှိသည်။

May 12, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးနှင့် ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာတချို့တို့တွင် ယခုနှစ်နွေရာသီ...
May 11, 2026
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA နယ်မြေအတွင်းရှိ ဒေသခံလူထုများ ကြုံတွေ့နေရသည့်...
May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...