မွန်ပြည်နယ်ထွက် ငါးများ Export ပို့မရ တရုတ်ကုမ္ပဏီများက ဈေးနှိမ်ဝယ်ယူ

မွန်ပြည်နယ်ထွက် ငါးများ Export ပို့မရ တရုတ်ကုမ္ပဏီများက ဈေးနှိမ်ဝယ်ယူ

မွန်ပြည်နယ်မှထွက်ရှိသော ငါးများ နိုင်ငံခြားသို့ Export ပို့မရဖြစ်နေပြီး တရုတ်ကုမ္ပဏီများ ဈေးနှိမ်ဝယ်ယူနေသောကြောင့် ပြည်တွင်းငါးလုပ်ငန်းရှင်များ အကျိုးအမြတ်မရှိတော့ကြောင်း မွန်ပြည်နယ် ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဌ ဦးမြင့်စိုးက ပြောသည်။

ယခင်တွင် ငါးမုတ်တစ်ပိဿာ သုံးသောင်း ဝယ်ယူခဲ့ကြသော်လည်း ယခုနှစ်တွင် တစ်သောင်းဝန်းကျင်ခန့်သာ ဈေးပေးဝယ်ယူနေကြောင်း ၄င်းကဆိုသည်။

"ကုမ္ပဏီတွေက ဈေးနှိမ်ပြီးဝယ်ကြတာဆိုတော့ Export ဘာမှမရကြဘူး။ ပြည်တွင်းကျတော့လည်း ဒီရောဂါကြီးဆိုတော့ ဒီတစ်နှစ်တော့ အရောင်းအဝယ် သိပ်မဖြစ်ကြဘူးပေါ့။ ‌ဈေးသည်တွေလည်း နည်းလာတယ်။ အရင်းရအောင် စရိတ်ရအောင်တောင် မနည်းလုပ်နေရတယ်" ဟု ဦးမြင့်စိုးက ပြောသည်။

မော်လမြိုင် ကုန်စည်ဒိုင်၏ ဩဂုတ်လ ၅ ရက် ဈေးနှုန်းများအရ ငါးပုတ်သင်တစ်ပိဿာ ၅၀၀၀ ကျပ်၊ ငါးပုဏ္ဏား (ဥ) တစ်ပိဿာ ၁၁၀၀၀ ကျပ်၊ ငါးပုဏ္ဏာ (အထီး) တစ်ပိဿာ ၆၀၀၀ ကျပ်၊ ငါးကွမ်းရှပ် (အကြီး) တစ်ပိဿာ ၉၀၀၀ ကျပ်၊ (အလတ်) တစ်ပိဿာ ၇၀၀၀ ကျပ်၊ (အသေး) တစ်ပိဿာ ၆၅၀၀ ကျပ်နှင့် ငါးပျက် (အကြီး)  ၄၅၀၀ ကျပ်၊ (အလတ်) ၃၀၀၀ ကျပ်၊ (အသေး) ၂၅၀၀ ကျပ် ရောင်းဈေးရှိကြောင်း သိရသည်။

လက်ရှိကာလတွင် နိုင်ငံရေးနှင့် ကျန်းမာရေးအခြေနေအရပ်ရပ်ကြောင့် သွားလာမှုခက် မလွယ်ကူဖြစ်လာပြီး ပြည်ပတင်ပို့ရန် အခက်အခဲရှိ‌နေကြောင်း၊ ငါးများကို ဝယ်ယူပြီးပါက အအေးခန်းတွင်သာ သိုလှောင်ထားရမည်ဖြစ်သောကြောင့် ကုမ္ပဏီများက ဈေးနှိမ်ဝယ်ယူရခြင်းဖြစ်ကြောင်း သိရသည်။

ထို့အတူ ယခုနှစ်တွင် ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွားမှု ပိုမိုများပြားလာသည့်အတွက် တရုတ်ပြည်ပသို့ တင်ပို့နေသည့်ဈေးကွက် မကောင်းဖြစ်နေကြောင်း မော်လမြိုင်မြို့နယ်က ငါးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

"ဒီနှစ်မှာကိုက ကိုဗစ်ကြောင့် တရုတ်ပြည်ဈေးကွက်မှာကိုက မကောင်းဘူးဖြစ်နေတာလေ။ သူတို့ဘက်မှာလည်း ကိုဗစ်ပြန်ဖြစ်၊ ဒီမှာလည်း ကိုဗစ်ပြန်ဖြစ်ဆိုတော့ ရပ်သွားရတာပေါ့" ဟု ၎င်းကပြောသည်။

မွန်ပြည်နယ်တွင် (၃၀) စတုရန်းမိုင်ပတ်လည် ပင်လယ်ပြင်ငါးဖမ်းကွက် (၁၄) ကွက်မှ နှစ်စဉ် ငါးဖမ်းရာသီအတွင်း ငါးပိဿာချိန် ထောင်ပေါင်း (၁၇၀,၀၀၀) ကျော်ရရှိပြီး အအေးခန်းစက်ရုံ (၆) မက်ထရစ်တန် (၈၀၀၀) ကျော် ထုတ်လုပ်ခဲ့ကြောင်း၊ တရုတ်စျေးကွက်ကို ၉၀ ရာခိုင်နှုန်းခန့် အားထားနေရပြီး မလေးရှားနှင့် စင်ကာပူနိုင်ငံသို့လည်း ငါးများကို အဓိကတင်ပို့ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - Crd
August 27, 2026
စစ်အုပ်စုတပ်သည် ရေးဘီလူးအဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာကို အဓိက ပစ်မှတ်ထား စောင့်ကြည့်ပြီး လွတ်...
August 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ထားဝယ်ရေနက်ဆိပ်ကမ်းအနီးရှိ ကျေးရွာများမှ စစ်အုပ်စုတပ်...
August 25, 2026
မုဒုံ-အဘစ်-ကြာအင်းဆိပ်ကြီး လမ်းပိုင်းနှင့် မော်လမြိုင်-ကြာအင်းဆိပ်ကြီး လမ်းပိုင်းမှ...
ဓာတ်ပုံ - Crd (မြဝတီမြို့ခံတစ်ဦး၏ လူမှုကွန်ရက်) ဩဂုတ်လ ၂၄ ရက်နေ့ မြဝတီမြို့ပေါ် ရေလွှမ်းမိုးနေသည့် အခြေအနေ။
August 24, 2026
သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေအမှတ်ထက် ပြန်လည်ကျော်လွန်လာသဖြင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း...