Published
Thursday, August 05, 2021
စစ်အာဏာသိမ်းရက် (၁၈၅) အတွင်း သတ်ဖြတ်ခံရသူ ၉၄၆ ဦးအထိရှိလာ
AAPP ၏ ဩဂုတ် (၄) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးတွင် စစ်အာဏာသိမ်းမှုကာလ (၁၈၅) ရက်အတွင်း ပြည်သူ (၉၄၆) ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။
ဖမ်းဆီးခံရသူပေါင်း ၇၀၅၁ ဦးအထိရှိလာခဲ့ပြီး ဆက်လက်ထိန်းသိမ်းခံရသူပေါင်း ၅၄၉၅ ဦးအထိ ရှိနေခဲ့သည်။
ဝရမ်းထုတ်ခံရသူပေါင်း (၁၉၆၄) ဦးအထိ ရှိလာခဲ့သည်။
အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်သတ်ဖြတ်မှုများတွင် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့ပြီး မွန်ပြည်နယ်တွင် ကျဆုံးသူ ၁၀ ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ (၄၀၀) ကျော်ရှိပြီဟု သိရသည်။







