ပေါင်မြိုနယ်မှ ကျောင်းသူနှစ်ဦးကို ပြန်လွှတ်ပေးဖို့ မော်လမြိုင်တက္ကသိုလ် ဆရာများသမဂ္ဂတောင်းဆို

ပေါင်မြိုနယ်မှ ကျောင်းသူနှစ်ဦးကို ပြန်လွှတ်ပေးဖို့ မော်လမြိုင်တက္ကသိုလ် ဆရာများသမဂ္ဂတောင်းဆို

မွန်ပြည်နယ်၊ ပေါင်မြိုနယ် ဆင်ရွာကျေးရွာမှ တက္ကသိုလ်ကျောင်းသူနှစ်ဦးကို ရဲက ဖမ်းဆီးထားရာမှ ပြန်လည်လွှတ်ပေးရန် မော်လမြိုင်တက္ကသိုလ် ဆရာများသမဂ္ဂက ယမန်နေ့တွင် တိုက်တွန်းတောင်းဆိုလိုက်သည်။

မော်လမြိုင်တက္ကသိုလ် အင်္ဂလိပ်စာမေဂျာ နောက်ဆုံးနှစ် Day ကျောင်းသူ မနန်းစန္ဒာဝင်းနှင့် ရုက္ခဗေဒ စတုတ္ထနှစ် အဝေးသင်ကျောင်းသူ မနန်းဆုပိုင်ဖူးတို့ကို ဩဂုတ်လ ၃ ရက် ညနေပိုင်းက စစ်တပ်နှင့်ရဲများက ၄င်းတို့နေအိမ်အသီးသီးမှ လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ကိုဗစ်ကြောင့် ပြည်သူတွေ ဒီလောက် ဒုက္ခဖြစ်နေတဲ့အခြေအနေမှာတောင် အခုလိုထပ်လုပ်သေးတာ ဘယ်လိုမှ လက်မခံနိုင်ဘူး။ မတရား လုပ်တာတွေ ရပ်သင့်ပြီ။ ငါတို့ ကျောင်းသူ/ကျောင်းသားတွေအပါအဝင် အပြစ်မဲ့ပြည်သူတွေအားလုံးကို အမြန်ဆုံးပြန်လွှတ်ဖို့ တိုက်တွန်းတောင်းဆိုတယ်" ဟု တက္ကသိုလ်ကျောင်းဆရာတစ်ဦးက ပြောသည်။

ပေါင်မြိုနယ်၏ စစ်အာဏာရှင်ဆန့်ကျင်ရေး ပြောက်ကျားသပိတ်တွင် ပါဝင်ခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် ၎င်းတို့နှစ်ဦးကို ရဲကား ၃ စီးဖြင့် လာရောက်ဖမ်းဆီးခဲ့ပြီး ဇင်းကျိုက်နယ်မြေ ရဲစခန်းသို့ ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း နီးစပ်သူများက ဆိုသည်။

သို့ရာတွင် လက်ရှိ အိမ်စောင့်အစိုးရ၏ ယမန်နေ့ထုတ်ပြန်ချက်တရပ်တွင် လူသတ်မှု၊ လုယက်မှု၊ မီးရှို့မှု၊ မိုင်းဖောက်ခွဲမှု၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှု၊ ပြည်သူ့ဝန်ထမ်းများနှင့် ပြည်သူအချို့အား အုပ်စုဖွဲ့ ကိုယ်ထိလက်ရောက် တိုက်ခိုက်မှု၊ အစိုးရပိုင်အဆောက်အဦများနှင့် ပုဂ္ဂလိကပိုင် အဆောက်အဦများအား ဖျက်ဆီးမှု၊ (CDM) လှုပ်ရှားမှုတွင် ငွေကြေးအရဖြစ်စေ၊ အခြားနည်းလမ်းဖြစ်ဖြင့်စေ၊ နက်ရှိုင်းစွာ ကာယကံမြောက် ပါဝင်သူများမှအပ စိုးရိမ်စိတ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် ဝန်ထမ်းများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ အခြားနယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ၊ နိုင်ငံသားများအနေဖြင့် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်မည်ဆိုပါက ၎င်းတို့အပေါ် ရေးဖွင့်ထားသည့် အမှုများကို ဥပဒေနှင့်အညီ ပိတ်သိမ်းခြင်း၊ ရုပ်သိမ်းခြင်းများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ထို့အတူ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့ကြသဖြင့် ၅၀၅ (က) ဖြင့် အမှုဖွင့် ဖမ်းဆီးခံထားရသည့် ကျောင်းဆရာမနှစ်ဦး ဩဂုတ်လ ၂ ရက်နေ့ ညနေ့ပိုင်းက မော်လမြိုင်မြို့အကျဥ်းထောင်မှ ပြန်လွှတ်ပေးခဲ့ကြောင်း ပြည်နယ်အကျဉ်းဦးစီးဌာနက သိရသည်။

March 2, 2026
မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောၚ်အသီးသီးက အကျဉ်းသား အကျဉ်းသူ ၁၆၀ ကျော် ပြန်လွတ်လာပြီး...
ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...
ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...