မြန်မာကိုကူညီမည့် အာဆီယံ၏ အားထုတ်မှုများအတွက် စင်္ကာပူက ဒေါ်လာ ၁ သိန်း ထည့်၀င်ပံ့ပိုးမည်

မြန်မာကိုကူညီမည့် အာဆီယံ၏ အားထုတ်မှုများအတွက် စင်္ကာပူက ဒေါ်လာ ၁ သိန်း ထည့်၀င်ပံ့ပိုးမည်

မြန်မာကို ကူညီထောက်ပံ့မှုများ ပေးအပ်ရန် ပြင်ဆင်မှုများ စတင်နေချိန်တွင် အာဆီယံ၏ လူသားချင်းစာနာထောက်ထား ကူညီမှုဆိုင်ရာ ဌာနသို့ စင်္ကာပူနိုင်ငံက ကန်ဒေါ်လာ တစ်သိန်း ထည့်၀င်ကူညီမည်ဖြစ်ကြောင်း စင်္ကာပူ နိုင်ငံခြားရေး၀န်ကြီး ဗီဗီယန် ဘလာခရစ်ရှ်နန်က သြဂုတ် ၂ ရက်တွင် ပြောခဲ့သည်။

“မြန်မာနိုင်ငံက အခြေအနေတွေနဲ့ပတ်သက်လို့ ကျွန်တော်တို့ ဆွေးနွေးခဲ့ကြပါတယ်၊ အဲဒီက အခြေအနေတွေက ကြီးလေးတဲ့ စိုးရိမ်ပူပန်စရာအဖြစ် ဆက်ရှိနေဆဲပါ” ဟု စင်္ကာပူ နိုင်ငံခြား‌ရေး၀န်ကြီးက အာဆီယံနိုင်ငံခြားရေး၀န်ကြီးများ၏ အွန်လိုင်း အစည်းအဝေးတစ်ခုအပြီး ဖေ့ဘွတ်ခ်တွင် ရေးခဲ့သည်။

“ဒါ့အပြင် ၂၀၂၁ ဧပြီ ၂၄ ရက်က အာဆီယံ ခေါင်းဆောင်တွေ အစည်းအဝေးမှာ သဘောတူခဲ့တဲ့ ဘုံသဘောတူညီချက် ငါးချက်ကို အမြန်ဆုံးနဲ့ ထိထိ‌ရောက်ရောက် အကောင်အထည်ဖော်နိုင်ဖို့ကိုလည်း ကျွန်တော်တို့ တိုက်တွန်းခဲ့ပါတယ်” ဟု ၎င်းက ရေးသားခဲ့သည်။

ထို့ပြင် အာဆီယံအနေဖြင့် ယင်း၏ ပြည်သူများအတွက် ကာကွယ်ဆေးများ ၀ယ်ယူရန် ကိုဗစ်-၁၉ တုံ့ပြန်ရေး ရန်ပုံငွေကို အသုံးချရန် လိုအပ်ကြောင်း ၎င်းက ဖြည့်စွက်ပြောသွားခဲ့သည်။

မြန်မာနိုင်ငံ၏ အကျပ်အတည်းကို ဖြေရှင်းရာတွင် ညှိနှိုင်းဆွေးနွေးမှုများကို ကူညီကြား၀င်ညှိနှိုင်းမည့် မြန်မာဆိုင်ရာ အထူးသံတမန်အဖြစ် ဘရူနိုင်းနိုင်ငံ၏ ဒုတိယနိုင်ငံခြားရေး၀န်ကြီး အာရီ၀မ် ယူဆော့ဖ်ကို အာဆီယံက ရွေးချယ် ခန့်အပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ အထူးသံတမန် ခန့်အပ်မှုက ဖေဖေါ်၀ါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် ပေါ်ပေါက်နေသည့် အကျပ်အတည်းကို ကိုင်တွယ်ရန် အာဆီယံ၏ အများသဘောဆန္ဒများအနက် အဓိက အစီအစဥ်တစ်ခုလည်း ဖြစ်သည်။

 
 

 

 

ဓာတ်ပုံ - (မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည့် ကျေးရွာတစ်ရွာကို တွေ့ရစဉ် / Crd)
August 29, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များ တည်ရှိရာ ဒေသများသို့ ဦးတည်...
ဓာတ်ပုံ - (မန်ကတ်မြို့ သင်တန်းကျောင်း၌ စစ်မှုထမ်းရန် စုဆောင်းခံထားရသူများကို တွေ့ရစဉ် / MOI)
August 28, 2026
ရန်ကုန်နှင့် မန္တလေး မြို့ကြီးများတွင် စစ်မှုထမ်းရန် တပ်သားစုဆောင်းရေးအတွက်...
August 28, 2026
မန္တလေး အိုးဘိုအကျဉ်းထောင်အတွင်း ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများအပေါ် အောက်ခြေ ထောင်ဝန်...
August 27, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်အုပ်စုတပ် စစ်ကြောင်းသည်...