ဝိုင်းမော် အာဏာသိမ်းစစ်တပ်မှ ကျေးရွာများဘက်သို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့

ဝိုင်းမော် အာဏာသိမ်းစစ်တပ်မှ ကျေးရွာများဘက်သို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့

ဝိုင်းမော်မြို့အခြေစိုက် အာဏာသိမ်းစစ်တပ် ခလရ ၅၈ အဖွဲ့သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း ဩဂုတ်လ ၂ ရက်နေ့ညက လက်နက်ကြီးများဖြင့် ကျေးရွာများဘက်သို့ ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် ဒေသခံများကို ထိတ်လန့်ခဲ့ရကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်ဘက်မှ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုနှင့်ပတ်သက်ပြီး KIO ဗဟိုဌာန ပြန်ကြားရေတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG သတင်းဌာနကို ယခုလိုပြောသည်။

“KIA အနေနဲ့က သွားရောက်ပစ်ခတ်တာမရှိပါဘူး။ ၅၈ တပ်ရင်းကနေ အကြောက်လွန်ပြီး တစ်ဖက်သတ်ပစ်တဲ့သဘောရှိတယ်လို့ အကြောင်းကြားလာတယ်” ဟု ပြောဆိုသည်။

ယင်းနေ့ည သန်းခေါင်အချိန်တွင် KIA က လာရောက်တိုက်ခိုက်ခြင်းမရှိသော်လည်း စစ်ကောင်စီတပ်သည် ဂျေမောက်ကျေးရွာ (Je Mawk) ဘက်သို့ လက်နက်ကြီး အချက် ၂၀ ထက်မနည်း ပစ်ခတ်ခဲ့သည်ဟု ဒေသခံတစ်ဦးကလည်း KNG ကို ထပ်မံပြောသည်။

“တိုက်ပွဲဖြစ်တာလဲမဟုတ်ဘူး။ KIA ဘက်ကလည်း လာမပစ်ဘူး။ သူတို့ဘက်ကဘဲ KIA ရှိနိုင်တဲ့ဘက်ကို ဦးတည်ပြီး ရမ်းပစ်နေတာ။ မနေ့ညဆို လက်နက်ကြီးဘဲ အချက် ၂၀ လောက်ရှိတယ်။ သေနတ်သံတွေလည်းကြားရတယ်။ ပြည်သူတွေက ထိတ်လန့်ကြတယ်။ တစ်ချို့က တိုက်ပွဲဖြစ်တယ်လို့ထင်ကြတယ်။ ဘာကြောင့်ပစ်တာလဲဆိုတာကို ကျနော်တို့လည်း မသိရဘူး” ဟု ပြောဆိုသည်။

အာဏာသိမ်းတပ်၏ လက်နက်ကြီးပစ်ခတ်သံများ ယမန်နေ့ နံနက် ၄ နာရီအထိ ကြားခဲ့ရကြောင်း ထပ်မံပြောဆိုခဲ့သည်။

လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံပြည်သူများ ထိခိုက်မှုများနှင့်ပတ်သက်ပြီး အသေးစိတ်မသိရသေးပါ။

ပြီးခဲ့သည့်အပတ်တွင် အဆိုပါ ဝိုင်းမော်မြို့အခြေစိုက် ၅၈ တပ်ရင်းကို KIA က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

May 7, 2026
စစ်ကိုင်းတိုင်း မော်လူးမြို့ကိုဝင်ရောက်ထိန်းချုပ်ခဲ့တဲ့ စစ်ကော်မရှင် စစ်ကြောင်းဟာ...
May 6, 2026
မြစ်ကြီးနား လေကြောင်းခရီးစဉ်တွေမှာ လေယာဉ်လက်မှတ်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့်...
May 5, 2026
အမိုး — စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်အတွင်းမှာရှိတဲ့ Star Link Wifi...
May 1, 2026
ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ် အရှေဘက် အလန်ဂါးကျေးရွာအဝင်က...