KNU/KNLA-PC စစ်ရေးချုပ် ဗိုလ်ချုပ်စောနေစိုးမြ ကွယ်လွန်

KNU/KNLA-PC စစ်ရေးချုပ် ဗိုလ်ချုပ်စောနေစိုးမြ ကွယ်လွန်

ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) ၏ စစ်ရေးချုပ် ဗိုလ်ချုပ်စောနေစိုးမြ (ခ) တေးလေးသည် ယမန်နေ့ ဩဂုတ်လ ၃ ရက်နေ့၊ ည ၁၀ နာရီခွဲကျော်တွင် ကိုဗစ်ရောဂါဖြင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ကွယ်လွန်သွားခဲ့ကြောင်း ၎င်းနှင့်နီးစပ်ရာအသိုင်းအဝိုင်းက ပြောဆိုသည်။

ကွယ်လွန်ချိန်တွင် အသက် ၄၆ နှစ်ရှိသူ ဗိုလ်ချုပ်စောနေစိုးမြသည် KNLA-ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၏ တပ်ရင်း (၂၀၂) တွင် အစ်ကိုအကြီးဆုံးဖြစ်သူ ဒု-ဗိုလ်မှူးကြီးစောနေကော်မြ တပ်ရင်းမှူးဖြစ်နေချိန် ၎င်းက တပ်ခွဲမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ထို့နောက် ၂၀၀၉ ခုနှစ်တွင် ငြိမ်းချမ်းရေးကောင်စီသို့ ကူးပြောင်းခဲ့ပြီး (၇၇၇) အထူးဗျူဟာတွင် ဗျူဟာမှူးအဖြစ်လည်းကောင်း၊ ၂၀၂၁ ခုနှစ်မှစတင်ကာ စစ်ဖက်ဆိုင်ရာ စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဌနှင့် ယခုနောက်ဆုံးတာဝန် စစ်ရေးချုပ်အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

“သူက သူ့လူမျိုး၊ သူ့အဖွဲ့အစည်း၊ သူ့လက်အောက်ငယ်သားတွေကိုချစ်တဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တယ်။ အလုပ်လည်း ကြိုးစားသူဖြစ်တယ်။ သူ့မှာက စစ်မှန်သော ငြိမ်းချမ်းရေးလိုလားသူ စောနေစိုးမြဆိုတဲ့ ဆောင်ပုဒ်တစ်ခုရှိတယ်” ဟု သူ၏ အနီးကပ်လုံခြုံရေးအရာရှိ အရာခံဗိုလ် စောဗီထူးက ပြောသည်။

ဗိုလ်ချုပ်စောနေစိုးမြသည် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ဥက္ကဌနှင့် စစ်ဦးစီးချုပ်တာဝန်ယူခဲ့သူ ဗိုလ်ချုပ်ကြီးစောဘိုမြ (ကွယ်လွန်) နှင့် ကရင်အမျိုးသမီးအစည်းအရုံး (KWO) ဥက္ကဌဟောင်း ပဒိုနော်လားဖိုးတို့၏ သားသမီး ၇ ဦးအနက် ခြောက်ဦးမြောက်ဖြစ်ပြီး သားအငယ်ဆုံးဖြစ်သည်။

သူကွယ်လွန်ချိန်တွင် ဇနီးနှင့် သားသမီးလေးဦးအပြင် မိခင် ပဒိုနော်လားဖိုး၊ အစ်မနှစ်ဦး၊ ညီမနှင့် အစ်ကိုဖြစ်သူ ဗိုလ်မှူးချုပ်စောနယ်ဒါးမြတို့ ကျန်ရစ်ခဲ့သည်။

ဗိုလ်ချုပ်စောနေစိုးမြ၏ ဈာပနအခမ်းအနားအစီအစဉ်ကို မသိရှိရသေးပေ။

 
 

 

 

May 12, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးနှင့် ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာတချို့တို့တွင် ယခုနှစ်နွေရာသီ...
May 11, 2026
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA နယ်မြေအတွင်းရှိ ဒေသခံလူထုများ ကြုံတွေ့နေရသည့်...
May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...