ကျုံဒိုး ဂျိုင်းတံတားအနီး ရာနှင့်ချီ ယာဉ်ကြောပိတ်ဆို့မှုများ ဆက်လက်ရှိနေ

ကျုံဒိုး ဂျိုင်းတံတားအနီး ရာနှင့်ချီ ယာဉ်ကြောပိတ်ဆို့မှုများ ဆက်လက်ရှိနေ

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်မှု အဓိကလမ်းကြောင်းပေါ်မှာရှိသော ကရင်ပြည်နယ် ကျုံဒိုးမြို့ ဂျိုင်းတံတားအနီး ရာနှင့်ချီသည့် ကုန်တင်ယာဉ် ခရီးသည်ယာဉ်များဖြင့် ယာဉ်ကြောပိတ်ဆို့မှုများ ဆက်လက်ရှိနေသည်ဟု သိရသည်။

“လက်ရှိအနေအထားအရ  မြဝတီ-ဖားအံသို့ အသွားလမ်းမပေါ်မှာ ဂျိုင်းတံတားထိပ်မှ ကော့ကရိတ်ဘက်ခြမ်း ကျုံဒိုးမီးပုံကွင်းအထိနဲ့ ဖားအံဘက်ခြမ်း ဂျိုင်းတံတားထိပ်မှ ကျားကလေးလမ်းခွဲအလွန်အထိ ၆ မိုင်ပတ်လည်မှာ ကုန်တင်ယာဉ်များ ခရီးဆက်၍မရဘဲ လမ်းတစ်ခြမ်းကပ်ကာ ရပ်နားထားကြတယ်။ ကျန်လမ်းတစ်ခြမ်းကိုတော့ ခရီးသွားယာဉ်ငယ်တွေကို ဖြတ်သန်းသွားလာခွင့်ပြုထားပေမယ့် လမ်းအခြေအနေနဲ့ ယာဉ်ကြော ပိတ်ဆို့မှုများကြောင့် အချိန်ကြန့်ကြာမှုများစွာ ရှိနေဆဲဖြစ်တယ်” ဟု ယမန်နေ့ ဂျိုင်းတံတားကိုဖြတ်ကျော်၍ မြဝတီမြို့သို့ ပြန်လာသူတစ်ဦးက ပြောသည်။

၎င်းအနေဖြင့် ဩဂုတ်လ ၁ ရက်နေ့က မုဒုံမြို့မှ မြဝတီမြို့သို့ ပြန်လာခဲ့ရာ နံနက် ၉ နာရီအချိန်ခန့်တွင် ဂျိုင်းတံတားအနီး ကားတန်းပိတ်နေသည့်နေရာသို့ရောက်ရှိပြီး ညနေ ၆ နာရီခန့်ထိ စောင့်ဆိုင်းနေခဲ့သော်လည်း ကားဖြတ်သန်းမရသဖြင့် မုဒုံမြို့သို့ ပြန်လှည့်ခဲ့ရကြောင်း၊ ယမန်နေ့ ဩဂုတ်လ ၃ ရက်နေ့ နံနက် ၁၀ နာရီခန့်က ဂျိုင်းတံတားအနီး ရောက်ရှိစောင့်ဆိုင်းနေခဲ့ပြီး မွန်းလွဲ ၁ နာရီအချိန်တွင် ဖြတ်သန်းခွင့်ရရှိခဲ့သည်ဟု ၎င်းကဆိုသည်။

ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကရင်ပြည်နယ်အတွင်းရှိ သောင်ရင်းမြစ်၊ ဂျိုင်းမြစ်၊ ဇမိမြစ်၊ သံလွင်မြစ် အစရှိသော မြစ်ချောင်းများမှာ စိုးရိမ်ရေအမှတ်အထက် ကျော်လွန်နေပြီး မြဝတီမြို့၊ ကြာအင်းဆိပ်ကြီးမြို့ ဖားအံမြို့ စသည့်မြို့များရှိ မြစ်ချောင်းအနီးနှင့် လူနေရပ်ကွက်တစ်ချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ခဲ့သည်။

အလားတူ ဂျိုင်းမြစ်တွင်လည်း လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်းက ရေကြီးရေလျှံမှုဖြစ်ခဲ့ပြီး ဂျိုင်းတံတားအနီး လမ်းမပေါ် ရေကျော်ရာမှစကာ ယနေ့အထိ ယာဉ်ကြောပိတ်ဆို့မှုများ ဆက်လက်ရှိနေကြောင်း သိရသည်။

 
 

 

 

May 12, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးနှင့် ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာတချို့တို့တွင် ယခုနှစ်နွေရာသီ...
May 11, 2026
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA နယ်မြေအတွင်းရှိ ဒေသခံလူထုများ ကြုံတွေ့နေရသည့်...
May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...