KNU တပ်မဟာ (၅) နှင့်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၅ ဦး ထပ်မံကျဆုံး

KNU တပ်မဟာ (၅) နှင့်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၅ ဦး ထပ်မံကျဆုံး

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ မူတြော် (ဖာပွန်) ခရိုင်၊ တပ်မဟာ (၅) တွင် ဇူလိုင်လ ၁ လတွင်း စစ်ကောင်စီတပ်ဘက်မှ ဒု-ဗိုလ်မှူးကြီးတစ်ဦးအပါအဝင် (၆၅) ဦး ထပ်မံကျဆုံးသည်ဟု KNU တပ်မဟာ (၅) ၏ လစဉ်ထုတ်ပြန်ထားသည့် တိုက်ပွဲဖြစ်ပွားမှုစာရင်းအရ သိရသည်။

ဇူလိုင် ၁ ရက်မှစတင်၍ ၃၁ ရက်နေ့အထိ KNU ထိန်းချုပ်နယ်မြေ မူတြော်ခရိုင်တွင် နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၅) နှင့် စစ်ကောင်စီတပ်အကြား တစ်လအတွင်း တိုက်ပွဲပေါင်း (၁၃၃) ကြိမ်ဖြစ်ပွားရာ စစ်ကောင်စီဘက်မှ (၆၅) ဦးကျဆုံးပြီး (၁၀၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ကေအဲန်ယူ တပ်မဟာ ၅ အုပ်ချုပ်နယ်မြေအတွင်း စစ်ကောင်စီတပ်ဘက်မှ နယ်မြေစိုးမိုးရေးအတွက် စစ်ရေးလှုပ်ရှားမှုများ အဆက်မပြတ် လုပ်ဆောင်နေခြင်းကြောင့် ယခုလို ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားရခြင်းဖြစ်သည်ဟု KNLA တပ်မဟာ (၅) ဘက်မှ ဆိုသည်။

ဇူလိုင်လတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် KNLA တပ်မဟာ (၅) ဘက်မှလည်း (၃) ဦး ဒဏ်ရာရရှိသည့်အပြင် ဒေသခံ (၁) ဦးသေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ထုတ်ပြန်ထားသည်။

ထို့အပြင် စစ်ကောင်စီဘက်မှ ဒေသခံအရပ်သား လူနေအိမ် ၅ လုံးကို မီးရှို့ဖျက်ဆီးသွားခဲ့သလို ကျေးရွာအတွင်းသို့ လက်နက်ကြီးပစ်ခတ်မှုကြောင့် လူနေအိမ် (၁) လုံး ကျည်ထိမှန်ပျက်စီးခဲ့သည်ဟုလည်း ကေအဲန်ယူ တပ်မဟာ ၅ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ကေအဲန်ယူ တပ်မဟာ (၅) နယ်မြေတွင် ပြီးခဲ့သည့် မေလတုန်းက တိုက်ပွဲပေါင်း (၁၉၃) ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ (၁၂၈) ဦးကျဆုံးပြီး ဇွန်လတွင် ၂၅၄ ကြိမ် တိုက်ပွဲပြန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၅၆ ဦးကျဆုံးခဲ့သည်။

ဇူလိုင်လတွင်လည်း တိုက်ပွဲပေါင်း (၁၃၃) ကြိမ်ဖြစ်ပွားရာ (၆၅) ဦး ထပ်မံသေဆုံးသည့်အတွက် ၃ လအတွင်း ကေအဲန်ယူ တပ်မဟာ (၅) နယ်မြေတွင် စစ်ကောင်စီတပ်ဘက်မှ စုစုပေါင်း (၃၄၉) ဦး ကျဆုံးသွားခဲ့သည်ဟု သိရသည်။

 
 

 

 

January 9, 2026
နယ်မြေထိန်းချုပ်မှု၊ အုပ်ချုပ်ရေးစနစ်နှင့် အုပ်ချုပ်ခံပြည်သူလူထုမရှိဘဲ အစိုးရ တစ်ရပ်တည်ဆောက်၍...
January 8, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ တောင်ကြော၊ ကျော်ဝါးဘိုး တောင်ကြောဘက်သို့...
January 6, 2026
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီနှင့်ရွှေကုက္ကိုလ်ဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများမှ...
January 5, 2026
ပြီးခဲ့သည့် ဇန်နဝါရီလ(၁)ရက်နေ့တွင် ကရင်နယ်ခြားစောင့်တပ်-BGF မှ ကရင်အမျိုးသားတပ်မတော်-KNA အဖြစ်...