ရှမ်းနီ (တိုင်းလျှန်) သွေးစည်းညီညွတ်ရေးပါတီမှ အထွေထွေအတွင်းရေးမှူး စစ်ကောင်စီ၏ အိမ်စောင့်အစိုးရတွင် စစ်ကိုင်းတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးဖြစ်လာ

ရှမ်းနီ (တိုင်းလျှန်) သွေးစည်းညီညွတ်ရေးပါတီမှ အထွေထွေအတွင်းရေးမှူး စစ်ကောင်စီ၏ အိမ်စောင့်အစိုးရတွင် စစ်ကိုင်းတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးဖြစ်လာ

ရှမ်းနီ (တိုင်းလျှန်) သွေးစည်းညီညွတ်ရေးပါတီ (SSP) ၏ အတွင်းရေးမှူးဖြစ်သူ ဦးစိုင်းနိုင်နိုင်ကျော်သည် စစ်ကောင်စီ၏ အိမ်စောင့်အစိုးရတွင် စစ်ကိုင်းတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးဖြစ်လာကြောင်း သိရသည်။

ယမန်နေ့ ဩဂုတ်လ (၁) ရက်နေ့တွင် စစ်ကောင်စီက အိမ်စောင့်အစိုးရအဖြစ် ဖွဲ့စည်းကြောင်းကြေညာခဲ့သည်။

၎င်းအဖွဲ့၏ တိုင်းနှင့်ပြည်နယ်များတွင် တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၊ လူမှုရေးဝန်ကြီးဌာန၊ သယံဇာတရေးရာဝန်ကြီးဌာန၊ စီးပွားရေးဝန်ကြီးဌာန၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန စသည့် ဝန်ကြီးဌာန (၆) ခုဖြင့် ဖွဲ့စည်းခဲ့သည်။

ဦးစိုင်းနိုင်နိုင်ကျော်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွတ်တော် အမှတ် (၅) တွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး ရှုံးနိမ့်ခဲ့သည်။

၎င်းသည် ဟုမ္မလင်းမြို့နယ်ဇာတိဖြစ်ပြီး ၁၉၉၅ ခုနှစ်တွင် မြန်မာ့စစ်တပ်ထဲသို့ ဝင်ရောက်ခဲ့ပြီး ခြေလျင်တပ်စုမှူး၊ တပ်ခွဲမှူးတာဝန်များနှင့် ကာကွယ်ရေးဝန်ကြီးဌာန စစ်ဥပဒေရုံးချုပ်တွင် စစ်ဥပဒေအရာရှိ စသည့်တာဝန်များ ထမ်းဆောင်ခဲ့သူဖြစ်သည်။

၂၀၀၁ ခုနှစ်တွင် ဆေးပင်စင်ရယူပြီးနောက် ဟုမ္မလင်းမြို့နယ်အတွင်း ပါရမီလူမှုကူညီရေးအသင်း၊ သီတဂူစက္ခုဒါနဆေးရုံတော်၊ ချင်းတွင်းဥရု ရှမ်းနီလူငယ်များကွန်ရက် စသည်တို့တွင် ခေါင်းဆောင်အဖြစ် တာဝန်ယူဆောင်ရွက်နေသည်။

ယခု Covid-19 ရောဂါပိုးကုသကာကွယ်ရေးလုပ်ငန်းများတွင်လည်း ဟုမ္မလင်းမြို့နယ်၌ ဦးဆောင်သူအဖြစ် ပါဝင်ဆောင်ရွက်နေကြောင်း သိရသည်။

 
 

 

 

ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...
ဓါတ်ပုံ - (စစ်ရှောင်များ / Crd)
August 28, 2026
ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ဗန်းမော်မြို့ စစ်ဘေးရှောင်များအနက် ထောက်ပံ့ကြေး တစ်ကြိမ်မျှ...
ဓာတ်ပုံ - ရှမ်းနီအသံ
August 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဘဏ်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ...
August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...