နှီးပဒေါအုပ်ချုပ်ရေးမှူး သေနတ်ဖြင့်လုပ်ကြံပစ်ခတ်ခံရ၍ သေဆုံး

နှီးပဒေါအုပ်ချုပ်ရေးမှူး သေနတ်ဖြင့်လုပ်ကြံပစ်ခတ်ခံရ၍ သေဆုံး

မုဒုံမြို့နယ် နှီးပဒေါကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမန်းအား ပြီးခဲ့သည့်ညနေပိုင်း (ဇူလိုင် ၃၁) က နေအိမ်၌ သေနတ်ဖြင့် လုပ်ကြံပစ်ခတ်ခံရပြီး သံဖြူဇရပ်မြို့ဆေးရုံသို့ ပို့ဆောင်ကုသစဥ် သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဇူလိုင်လ ၃၁ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်တွင် ဦးမန်းနေအိမ်သို့ ဆိုင်ကယ်ဖြင့် သေနတ်သမား ၂ ဦးရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ ကျောတွင် ၄ ချက်၊ ပေါင်တွင် တစ်ချက် ရရှိဒဏ်ရာဖြင့် သံဖြူဇရပ်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရာ ည ၇ နာရီအချိန်ခန့်တွင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

နစကကောင်စီလက်ထက်တွင် အာဏာပြန်ရလာသည့် ဦးမန်းသည် ရွာသားများအား ဧည့်စာရင်းစစ်၍ အာဏာပါဝါပြနေသည့် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်ကြောင်း Fecebook လူမှုစာမျက်နှာများပေါ်တွင် ဝေဖန်ခံနေသူဖြစ်သည်။

နစကကောင်စီလက်ထက်တွင် ဦးမန်းကို ကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ် ပြန်လည်ခန့်အပ်ခြင်းဖြစ်ပြီး ယခင်သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက် နှီးပဒေါကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဖြစ်ခဲ့သည်။

သို့ရာတွင် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်နယ်အတွင်း နစကကောင်စီ အသစ်ပြန်လည်ရွေးချယ်ခန့်အပ်ခံရသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးအချို့ လုပ်ကြံပစ်သတ်ခံနေရခြင်းဖြစ်ပြီး လက်သည်တရားခံများအား သက်ဆိုင်ရာအာဏာပိုင်များက ရှာဖွေဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။

 
 

 

 

August 28, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့မှ ကျောင်းသားလူငယ် လေးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (...
August 28, 2026
အရပ်သား အစိုးရထံမှ အာဏာသိမ်းယူခဲ့သည့် စစ်အုပ်စုသည် ၅ နှစ်ကျော်အကြာတွင် အရပ်သားအသွင် ပြောင်းလဲ...
August 28, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် အခြေခံပညာ စာသင်ကျောင်းပေါင်း ၂၀ ကျော်...
ဓာတ်ပုံ - Crd
August 27, 2026
စစ်အုပ်စုတပ်သည် ရေးဘီလူးအဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာကို အဓိက ပစ်မှတ်ထား စောင့်ကြည့်ပြီး လွတ်...