အသက် ၆၅ နှစ်အထက် ဘိုးဘွားများကို ဦးစားပေးအစီအစဥ်ဖြင့် ကိုဗစ်ကာကွယ်ဆေး အရင်ထိုးပေး

အသက် ၆၅ နှစ်အထက် ဘိုးဘွားများကို ဦးစားပေးအစီအစဥ်ဖြင့် ကိုဗစ်ကာကွယ်ဆေး အရင်ထိုးပေး
ရေးမြို့ကာကွယ်ဆေးထိုးနှံနေကြစဥ် (Aung Naing Win)
ရေးမြို့ကာကွယ်ဆေးထိုးနှံနေကြစဥ် (Aung Naing Win)

မွန်ပြည်နယ်တဝန်းရှိ အသက် ၆၅ နှစ်အထက် ဘိုးဘွားများကို ဦးစားပေးအစီအစဥ်ဖြင့် ဇူလိုင်လ ၂၉ ရက်နေ့မှစတင်၍ ကိုဗစ်ကာကွယ်ဆေး အရင်ထိုးပေးနေကြောင်း တွေ့ရှိရသည်။

အသက် ၆၅ နှစ်အထက်ရှိ ဘိုးဘွားများအပြင် အစိုးရနှင့် ပုဂ္ဂလိကကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတ/စေတနာ့ဝန်ထမ်းများ၊ ဘိုးဘွားရိပ်သာများ၊ ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်း၊ ဘာသာရေးကျောင်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်းများ၊ ပုဂ္ဂလိကစက်ရုံလုပ်သားများ၊ ဟိုတယ်ဝန်ထမ်းများ၊ အကျဉ်းသား/အချုပ်သားများ၊ ပုဂ္ဂလိကပို့ဆောင်ရေးလုပ်ငန်းများ၊ စျေးများ၊ စူပါမားကတ်များတွင် အလုပ်လုပ်ကိုင်သူများကို စာရင်းပြုစုထားပြီး ကာကွယ်ဆေးထိုးသည့် အစီအစဥ်များကို မြို့နယ်အလိုက်သတ်မှတ်နေရာများတွင် ရုံးချိန်အတွင်း သက်ဆိုင်ရာ ကျန်းမာရေးဌာနက ဆောင်ရွက်ပေးလျက်ရှိသည်။

သံဖြူဇရပ်မြို့နယ် ကိုဗစ်ကပ်ရောဂါကာကွယ်ရေးအဖွဲ့မှ နိုင်မင်းလတ်က “မနေ့ကစပြီး ကာကွယ်ဆေးထိုးပါပြီ၊ အသက် ၆၅ နှစ်အထက်တွေကို ဦးစားပေးတစ်ပေါ့နော်၊ WHO အသိအမှတ်ပြုကာကွယ်ဆေးတွေဖြစ်တော့ အခါအခွင့်သင့်ရင် လူတိုင်းဆေးထိုးသင့်ပါတယ်၊ ကာကွယ်ဆေးမထိုးလို့မဖြစ်တော့ပါဘူး ဒီရောဂါပို့အမြစ်ပြတ်မသွားဘူးဆိုရင် ဘာအလုပ်အကိုင်မှလည်း လုပ်ကိုင်စားလို့မရ၊ ပိုပြီးတော့ကြပ်တည်းလာဖို့ပဲ ရှိတော့တယ်၊ နိုင်ငံရေးကလည်း တည်ငြိမ်နေတာမဟုတ်ဘူး” ဟု မွန်သတင်းအေဂျင်စီကို ပြောသည်။  

ထို့အတူ ရေးမြို့နယ်အတွင်း နေရာ ၅ နေရာခွဲပြီး ရက်သတ္တပတ်သုံးပတ် (၂၁ ရက်) တိတိ ကိုဗစ်ကာကွယ်ဆေး ထိုးပေးနေပြီဖြစ်ကြောင်း ရေးမြို့မှ ပရဟိတလုပ်ငန်းဆောင်ရွက်နေသူ ဦးအောင်နိုင်ဝင်းက ဆိုသည်။

"ထိုးမယ့်အစီအစဉ်က နေရာ ၅ ခုမှာ ခွဲပြီးထိုးမှာပေါ့။ ဦးစားပေးအုပ်စုတွေကို ‌ခွဲပြီးတော့ နေရာ ၅ ခုမှာ နေ့စဉ်ထိုးပေးသွားမယ်ပေါ့။ ရုံးဖွင့်ချိန်ပေါ့ မနက် ၉ နာရီကနေ ညနေ ၄ နာရီထိ ထိုးပေးမယ့်အစီအစဉ်လုပ်ထားတယ်လို့ သိရပါတယ်" ဟု ၄င်းကပြောသည်။

ကာကွယ်ထိုးပေးမည့် နေရာ ၅ နေရာများကို ရေးမြိုနယ် အထွေထွေအုပ်ချုပ်ရေးရုံး အစည်းအ‌ဝေးခန်းမ၊ သီရီနန္ဒာရပ်ကွက်ဓမ္မာရုံ၊ အဏ္ဏဝါရပ် အထက ခွဲကျောင်းနှင့် ရေးမြိုနယ် အစင်ကျေးရွာ ဝေလုလင်ဓမ္မာရုံတွင် သတ်မှတ်ထားပြီး  အချုပ်သားများကို ရဲစခန်းအချုပ်ခန်းများတွင် လိုက်လံထိုးပေးမည်ဖြစ်ကြောင်း ဆက်ပြောသည်။

မွန်ပြည်နယ် ၁၀ မြို့နယ်တွင် မြို့နယ်တစ်ခုစီအလိုက် ပြည်သူ ၉၀၀၀ ခန့် ကိုဗစ်ကာကွယ်ဆေးထိုးပေးရန် ဆေးခွဲတမ်းရရှိထားကြောင်း သိရသည်။

ရေးမြို့နယ်မှ ဒေသခံတစ်ဦးက "ထိုးမယ့်ပြည်သူတွေက အရမ်းများတယ်။ ကိုဗစ်ကူးတာတွေလည်းများလာတော့ ပြည်သူတွေက ထိုးစေချင်တယ်။ အကုန်လုံးကို ထိုးပေးနိုင်ရင်တော့ ပိုကောင်းတာပေါ့" ဟု ပြောသည်။

အလားတူ မြန်မာနိုင်တဝန်း အခြားနေရာဒေသများတွင်လည်း ကိုဗစ်ကာကွယ်ဆေးထိုးပေးနေကြောင်း သတင်းများတွင် တွေ့ရသည်။

တရုတ်နိုင်ငံမှ ပေးပို့လာသော ကိုဗစ်ကာကွယ်ဆေးအလုံးရေ ၂ သန်း ဇူလိုင်လ ၂၂ ရက်နေ့က မြန်မာနိုင်ငံကို ရောက်ရှိခဲ့ပြီး ၄င်းဆေးအရေအတွက်သည် မြန်မာနိုင်ငံလူဦးရေ၏ ၃.၂ ရာခိုင်နှုန်းကိုသာ ထိုးနှံပေးနိုင်မည်ဖြစ်ကြောင်း ရိုက်တာသတင်းက ဖော်ပြသည်။

August 28, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့မှ ကျောင်းသားလူငယ် လေးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (...
August 28, 2026
အရပ်သား အစိုးရထံမှ အာဏာသိမ်းယူခဲ့သည့် စစ်အုပ်စုသည် ၅ နှစ်ကျော်အကြာတွင် အရပ်သားအသွင် ပြောင်းလဲ...
August 28, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် အခြေခံပညာ စာသင်ကျောင်းပေါင်း ၂၀ ကျော်...
ဓာတ်ပုံ - Crd
August 27, 2026
စစ်အုပ်စုတပ်သည် ရေးဘီလူးအဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာကို အဓိက ပစ်မှတ်ထား စောင့်ကြည့်ပြီး လွတ်...