ရေးမြို့နယ် PDF ပူးပေါင်းစစ်ဆင်ရေး စတင်မည်ဟုဆို

ရေးမြို့နယ် PDF ပူးပေါင်းစစ်ဆင်ရေး စတင်မည်ဟုဆို

ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ရေးမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပံ့ပိုးရေးအဖွဲ့တို့စုပေါင်းပြီး ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အဖြစ် စုပေါင်းဖွဲ့စည်းလိုက်ပါတယ်။

တရားဝင်ပူးပေါင်းပြီးပါပြီ။ မကြာခင်မှာ စစ်ဆင်ရေးတွေပြုလုပ်တော့မယ်လို့ ရေး PDF ရဲ့ တာဝန်ရှိသူတဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အစောပိုင်းက ကိုယ်စီအဖွဲ့အဖြစ် သီးခြားစီလှုပ်ရှားကြသော်လည်း ဦးဆောင်သူတွေက စုပေါင်းဆွေးနွေးပြီး ပိုမိုအင်းတောင့်တင်းလာဖို့ ရည်ရွယ်တယ်လို့လည်း ပြောပါတယ်။

စစ်ဆင်ရေးလှုပ်ရှားမှုတွေကို အများပြည်သူထိခိုက်အောင်နဲ့ အများပြည်သူနေထိုင်ရာနေရာတွေကို ပြုလုပ်မှာမဟုတ်ဘဲ ဒီရက်ပိုင်းကစတင်ပြီး ပျောက်ကြားစနစ်ဖြင့် တိုက်ပွဲဆောင်ရွက်မှာဖြစ်တယလို့ ပြောပါတယ်။

စစ်ဆင်ရေးလုပ်ဆောင်ပြီး အောင်မြင်မှုတွေအပေါ် အများပြည်သူထံ အသိပေးသွားမယ်လို့ ရေး PDF ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

 
 

 

 

Most read this week

August 6, 2026
မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ...
ပုံဟောင်း (Crd)
August 5, 2026
မွန်ပြည်၊ သထုံခရိုင်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဒေသခံပြည်သူများကို ဒေသန္တရအမိန့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 4, 2026
မွန်ပြည်တွင် စစ်တပ်က ကျားဖြန့်လုပ်ငန်းများမှ သိမ်းဆည်းထားသည့် လူအသုံးအဆောင် ပစ္စည်းများကို...
August 3, 2026
စစ်အုပ်စု အနေဖြင့် နိုင်ငံတော်သစ်တည်ဆောက်ရေးကို အရှိန်ရအောင် နှစ်နှစ် အချိန်ယူမည်ဖြစ်ပြီး...