ကုန်ဈေးနှုန်းမြင့်သည့်အပေါ် အခက်အခဲများစွာ ရင်ဆိုင်နေရ

ကုန်ဈေးနှုန်းမြင့်သည့်အပေါ် အခက်အခဲများစွာ ရင်ဆိုင်နေရ

စစ်အာဏာသိမ်းပြီးနောက် ကိုဗစ်–၁၉ တတိယလှိုင်းဖြစ်ပွားလာပြီး စားသောက်ကုန်ဈေးနှုန်းမြင့်တက်ခြင်း၊ ကျန်းမာရေးကုသမှု ခက်ခဲခြင်းများ ရှိသည့်အတွက် ပြည်သူများစွာ အခက်ခဲရင်ဆိုင်ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။

မြန်မာနိုင်ငံသည် လက်ရှိ ကူးစက်မှုနှုန်းမြန်ဆန်ပြီး သေဆုံးမှုနှန်းများသည့် ကိုဗစ်-၁၉ တတိယလှိုင်းကို ပြည်သူများ ကိုယ်ထူကိုယ်ထ နေအိမ်မှာ ကုသပြီး၊ အစားအသောက်နှင့် ဆေးဝါးကို အလုအယက်ကြိုဝယ်နေရပြီး ကုန်ဈေးနှုန်းများလည်း မြင့်တက်လာကြောင်း သျှမ်းပြည်လူထုများက ပြောဆိုသည်။

“တစ်ချို့ ဆေးဆိုင်တွေက ပိတ်ထားတယ်။ ဖွင့်တဲ့ဆိုင်က သိပ်မရှိတော့ တစ်ချို့က ကြိုမှာတာတွေရှိတယ်။ တစ်ချို့က တန်းစီပြီး အလှည့်ကျ ဝယ်ရတာတွေရှိတယ်” ဟု သီပေါ ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိ သျှမ်းပြည်တွင်လည်း အခြေခံစားသောက်များဖြစ်ကြသည့် ဆန်၊ ဆီ၊ ဆား ကြက်ဥဈေးတို့လည်း သိသိသာသာမြှင့်တက်လာပြီး၊ ကြက်ဥဈေး ယခင်က ၁ လုံး (၁၂၀) မှ ယခုဈေး တစ်လုံး (၁၇၀) အထိ ရုတ်တရက် ဈေးတက်လာကြောင်း သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နေထိုင်သည့် အသက် (၂၅) နှစ်အရွယ် အမျိုးသမီးက ဆိုသည်။

“ကုန်ဈေးနှုန်းတွေလည်း မြင့်တက်လာတယ်။ ကြက်ဥဆို အရင်က တစ်လုံး (၁၀၀) လောက်ဝယ်ရတာ။ ခုဆို (၁၇၀) လောက် ပေးဝယ်နေရတယ်” ဟု အသက် (၂၅) ဝန်းကျင် အမျိုးသမီးက ပြောပါတယ်။

stay at home သတ်မှတ်ထားသည့် နယ်မြေဖြစ်သည့်အလျောက် အစားအသောက် ရှာဖွေစားသောက်ရန် ခက်ခဲပြီး၊ အခြေခံလူတန်းစားများဖြစ်သည့် နေ့စားများအတွက် လက်ရှိအချိန်ကာလသည် အလွန်ပင် ခက်ခဲသည့်အချိန်ပင်ဖြစ်ကြောင်း သိရသည်။

“လက်လုပ်လက်စားတွေက ကိုဗစ်ကြောင့် အပြင်မှာ အလုပ်ကောင်းကောင်း ထွက်လုပ်လို့မရ။ အိမ်တွေတော်တော်များများ အပြင်လူတွေ အဝင်မခံပါတော့ဘူး။ ကုန်ဈေးနှုန်းတွေတက် ကျန်းမာရေး ပညာရေး နှောင့်နှေးကုန်ပြီ။ မဖြစ်မနေ အလုပ်ထွက်လုပ်ရပေမယ့် စိုးရိမ်မှုတွေလည်း များတယ်” ဟု အသက် (၄၀) ဝန်းကျင် မိုင်းကိုင်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

ယခု ရောဂါဖြစ်ပွားမှုနှုန်း တိုးများလာချိန်မှာ နေအိမ်တွင်သာနေထိုင်ခြင်းသည် ကူးစက်မှုနှုန်းလျော့နည်းပေမယ့် စားဝတ်နေရေးအတွက် မဖြစ်မနေ အပြင်ထွက်ပြီး အလုပ်လုပ်ခဲ့ရသူများလည်းရှိကြောင်း သိရသည်။

“ရောဂါကြောက်ပြီး နေအိမ်မှာနေချင်ပေမယ့် စားဝတ်နေရေးအတွက် ထွက်ပြီး အလုပ်လုပ်ရအုံးမှာပဲ” ဟု တောင်ကြီးဒေသခံ အမျိုးသမီး ဈေးသည်တစ်ဦးက ပြောသည်။

ကိုဗစ်-၁၉ တတိယလှိုင်းဒဏ်မှာ သျှမ်းပြည်လူထု အများအပြားခံရပြီး သေဆုံးမှုနှုန်းလည်း မြင့်တက်နေသော်လည်း တချို့မှာ စားသောက်ကုန်ကို အဆမတန် ဈေးမြင့်ရောင်းချနေသည့်အပေါ် အလွန်ပင်စိတ်မကောင်းကြောင်း သျှမ်းလူထုက ပြောဆိုသည်။

 
 

 

 

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...