မြန်မာတွင် လာမည့် ၂ ပတ်အတွင်း လူဦးရေထက်ဝက်ခန့် ကိုဗစ်-၁၉ ကူးစက်ခံရနိုင်ဟု ဗြိတိန်သတိပေး

မြန်မာတွင် လာမည့် ၂ ပတ်အတွင်း လူဦးရေထက်ဝက်ခန့် ကိုဗစ်-၁၉ ကူးစက်ခံရနိုင်ဟု ဗြိတိန်သတိပေး

မြန်မာနိုင်ငံတွင် ယခုလာမည့် သီတင်းပတ်နှစ်ပတ်အတွင်း လူဦးရေ ၅၄ သန်း၏ ထက်ဝက်ခန့် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရနိုင်ခြေရှိကြောင်း ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီးက ဇူလိုင် ၂၉ ရက်တွင် ထုတ်ဖော်သတိပေးသွားခဲ့သည်။

တချိန်တည်းမှာလည်းပဲ မြန်မာနိုင်ငံထဲ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိရောက်စွာ ဖြန့်ချိပေးပို့မှုပိုင်းကို သေချာစေရေးအတွက် ကုလစောင့်ကြည့်ပေးရန် မြန်မာသံအမတ်ကြီးကလည်း တိုက်တွန်းသွားခဲ့သည်။

မြန်မာနိုင်ငံတွင် ဖေဖေါ်ဝါရီလ ၁ ရက်၌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ရွေးကောက်ခံအစိုးရထံမှ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အာဏာသိမ်းမှုဆန့်ကျင်သည့် ဆန္ဒပြပွဲများ၊ အသစ်ဖွဲ့စည်းထားသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အာဏာသိမ်းစစ်တပ်အကြား တိုက်ပွဲများနှင့်အတူ နိုင်ငံသည် ဖရိုဖရဲအခြေအနေအောက် ကျရောက်နေသည်။

အာဏာသိမ်းမှုနှင့်အတူ လူရာပေါင်းများစွာ သေဆုံးခဲ့ရသည့် ဒီမိုကရေစီလိုလားသော ဆန္ဒပြပွဲများအပေါ် ဖိနှိပ်မှုတို့အတွက် အာဏာသိမ်းစစ်အုပ်စုအပေါ် အမေရိကန်၊ ဗြိတိန်နှင့် အခြားနိုင်ငံများက အ‌ရေးယူဒဏ်ခတ်မှုများ ချမှတ်ထားသည်။

“အာဏာသိမ်းမှုကြောင့် မြန်မာရဲ့ကျန်းမာရေး စောင့်ရှောက်မှုစနစ်က လုံး၀ ပြိုလဲလုနီးပါး ဖြစ်စေခဲ့ပါတယ်၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်သားတွေဟာလည်း တိုက်ခိုက်ခံ၊ ဖမ်းဆီးခံနေရပါတယ်” ဟု ကုလဆိုင်ရာ ဗြိတိန်သံအမတ် ဘာဘရာဝုဒ်ဝါ့ဒ်က မြန်မာ့အရေး ကုလ လုံခြုံရေးကောင်စီ အလွတ်သဘောဆွေး‌နွေးပွဲတစ်ခုတွင် ပြောခဲ့သည်။

“ဗိုင်းရပ်စ်က ပြည်သူလူထုအကြား ပျံ့နှံ့ကူးစက်နေပါတယ်၊ အရမ်းကို မြန်ဆန်နေပါတယ်၊ ခန့်မှန်းချက်တစ်ချို့အရ ဆိုရင် လာမယ့် နှစ်ပတ်အတွင်း မြန်မာလူဦးရေရဲ့ ထက်ဝက်လောက် ကိုဗစ် ကူးစက်ခံရနိုင်ဖွယ် ရှိပါတယ်” ဟု သူမက ပြောသွားခဲ့သည်။

အာဏာသိမ်းစစ်အုပ်စုသည် ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်ရန် အခြားနိုင်ငံများနှင့် ပိုမို ပူးပေါင်းဆောင်ရွက်သွားရန် ကြိုးပမ်းနေကြောင်း စစ်အုပ်စု ထိန်းချုပ်သည့် မီဒီယာက ဖော်ပြခဲ့သေးသည်။

နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများသည် ဇွန်လနောက်ပိုင်း တဟုန်ထိုးမြင့်တက်ထားခဲ့ပြီး ဇူလိုင် ၂၈ ရက်က နေ့အလိုက် ကူးစက်ခံရသူသစ် ၄,၉၈၀ ဦးနှင့် သေဆုံးသူ ၃၆၅ ဦးရှိခဲ့ဟု စစ်အုပ်စုလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာန ဒေတာအချက်အလက်များအရ သိရသည်။ သို့သော် သေဆုံးမှုဦးရေသည် အထက်ပါကိန်းဂဏန်းများထက် အတော်ပင်ပိုများနေကြောင်း ဆေးဘက်ဆိုင်ရာအမှုထမ်းများနှင့် နာရေးကူညီမှုအဖွဲ့အစည်းများက ပြောသည်။

“မြန်မာနိုင်ငံမှာ ကိုဗစ် ကာကွယ်ဆေး ထိုးနှံမှုအပိုင်းနဲ့ လူသားချင်းစာနာမှု အကူအညီ ‌ထောက်ပံ့မှုပိုင်း အဆင်ပြေ ထိရောက်မှု ရှိစေဖို့အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းက အနီးကပ် စောင့်ကြည့်ပေးဖို့ လိုအပ်ပါတယ်” ဟု NUG အစိုးရကိုယ်စား ပြောဆိုခဲ့သည့် ကုလဆိုင်ရာ မြန်မာသံအမတ် ဦးကျော်မိုးထွန်းက လုံခြုံရေးကောင်စီဆွေး‌နွေးပွဲတွင် ပြောခဲ့သည်။

 
 

 

 

March 18, 2026
အတုအယောင်အဖြစ် ဝေဖန်ခံထားရသည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲအပြီး ယနေ့ (မတ် ၁၈) တွင် ကျင်းပသည့်...
ရုရှားနိုင်ငံထုတ် စစ်ကော်မရှင်၏တိုက်လေယာဉ်အသစ်များကို အာဏာသိမ်းပြီးကာလမှာ တွေ့ရစဉ်(ပုံအဟောင်း-AFP)
March 17, 2026
ဓာတု — မန္တလေးတိုင်း၊ မြင်းခြံခရိုင်ရှိ မြင်းခြံနှင့်နွားထိုးကြီးမြို့နယ်တို့တွင် နှစ်လတာအတွင်း...
ဓာတ်ပုံ - ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့မှ တပ်သားများကို အတူတကွ တွေ့ရစဥ် ။
March 16, 2026
မောင်ခက်နွေ — ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် MNDAA နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့်...
March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...