သောင်ရင်းမြစ်ရေ ၃ ပေကျော်ကျနေပြီး ယနေ့မွန်းလွဲပိုင်းထိ ဆက်လက်ထိုးကျနေဆဲ

သောင်ရင်းမြစ်ရေ ၃ ပေကျော်ကျနေပြီး ယနေ့မွန်းလွဲပိုင်းထိ ဆက်လက်ထိုးကျနေဆဲ

မြဝတီမြို့တွင် သောင်ရင်းမြစ်ရေသည် ယမန်နေ့ကထက် ၃ ပေကျော်ပြန်ကျပြီး ယနေ့မွန်းလွဲပိုင်းအထိ ဆက်လက်ထိုးကျနေဆဲဖြစ်ကြောင်း တွေ့ရသည်။

ပြီးခဲ့သည့် သုံးပတ်ခန့်က မိုးအဆက်မပြတ်ရွာသွန်းမှုများကြောင့် သောင်ရင်းမြစ်ရေသည် ဇူလိုင် ၂၂ ရက်နေ့ ညပိုင်းမှစ၍ ရေတက်ကြမ်းခဲ့ပြီး ယမန်နေ့ ဇူလိုင် ၂၈ ရက်နေ့ နံနက်ပိုင်းအထိ စိုးရိမ်ရေအမှတ်အထက် ၉ ပေကျော် ရောက်ရှိမြှင့်တက်ခဲ့သည်ဟု ကရင်ပြည်နယ် မိုးလေဝသနှင့် ဇလဗေဒဌာနက ထုတ်ပြန်ခဲ့သည်။

၎င်းနောက် ယမန်နေ့ ညပိုင်းမှစ၍ မြစ်ရေသည် အကျဘက်သို့ရောက်ရှိလာပြီး ယနေ့ ဇူလိုင် ၂၉ ရက် မွန်းလွဲဲ ၃ နာရီထိ ၃ ပေကျော်ကျသွားပြီးဖြစ်သလို ဆက်လက်၍လည်း ရေကျနေဆဲဖြစ်ကာ ဇီးတောဂိတ်ဘက် ကမ်းနာလမ်းပေါ်တွင် ရေမရှိတော့သည့်အခြေအနေကို တွေ့ရသည်။

သို့သော် အမှတ် (၃) မိုးကုတ်ဘက်ခြမ်းမှစ၍ ကမ်းနားတလျှောက်နှင့် အနိမ့်ပိုင်းရပ်ကွက်များတွင် မူရေကြီးနစ်မြှုပ်မှု ရှိနေဆဲဖြစ်သည်။

ယနေ့ ဇူလိုင် ၂၉ ရက်နေ့မှစ၍ ၃၁ ရက်နေ့ထိ ကရင်ပြည်နယ်အတွင်းရှိ မြစ်တစ်ချို့မှာ ရေဆက်လက်ကျနေမည်ဖြစ်သော်လည်း ဩဂုတ်လ ၁ ရက်မှ ၃ ရက်နေ့အတွင်း မြစ်ရေလျှံတက်မှုများ ထပ်မံဖြစ်လာဖွယ်ရှိသည်ဟု ကရင်ပြည်နယ်၊ မွန်ပြည်နယ် မိုးလေဝသနှင့် မြစ်ရေအခြေအနေစောင့်ကြည့်ရေးအဖွဲ့တစ်ခုက လူမှုကွန်ရက်ပေါ်တွင် သတိပေးထားသည်။

May 13, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းဟောင်းလမ်းပိုင်းနှင့် အောက်ဘိုတဲဒေသတဝိုက်တွင်...
May 12, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးနှင့် ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာတချို့တို့တွင် ယခုနှစ်နွေရာသီ...
May 11, 2026
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA နယ်မြေအတွင်းရှိ ဒေသခံလူထုများ ကြုံတွေ့နေရသည့်...
May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...