မွန်ပြည်နယ်မှာ စစ်ကောင်စီက ကိုဗစ်ကာကွယ်ဆေး အလုံး ၉၀၀၀၀ ထိုးပေးမည်

မွန်ပြည်နယ်မှာ စစ်ကောင်စီက ကိုဗစ်ကာကွယ်ဆေး အလုံး ၉၀၀၀၀ ထိုးပေးမည်

မွန်ပြည်နယ်မှာ တရုတ်နိုင်ငံကလှူဒါန်းထားတဲ့ ကိုဗစ်ကာကွယ်ဆေး Doses အလုံး ၉၀၀၀၀ ထိုးပေးသွားမယ်လို့ စစ်ကောင်စီ ပြည်နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။

ကိုဗစ်ကာကွယ်ဆေးတွေကိုတော့ ဇူလိုင် ၂၈ ရက်နေ့က မော်လမြိုင်ဘိုးဘွားရိပ်သာတွေမှာ စတင်ထိုးနှံပေးခဲ့တာ ဖြစ်ပါတယ်။

“ကိုဗစ်ကာကွယ်ဆေး ၉၀၀၀၀ ထိုးပေးသွားဖို့ ရှိပါတယ်၊ အဓိကကတော့ အသက်အရွယ်ကြီးတဲ့ သူတွေနဲ့ ဝန်ထမ်းတွေကို ဦးစားပေးထိုးပေးသွားမယ်”လို့ ပြည်နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ဦးစားပေး ထိုးနှံဖို့ သတ်မှတ်ထားတဲ့ သူတွေထဲမှာတော့ အသက် ၆၅ နှစ်နဲ့အထက် မိဘပြည်သူတွေ၊ ကျန်းမာရေးဝန်ထမ်းနဲ့ ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်း၊ စေတနာ့ဝန်ထမ်း၊ သာသနာ့ဝန်ထမ်းတွေနဲ့ ဘုန်းကြီး၊ သီလရှင်၊ နိုင်ငံဝန်ထမ်းတွေနဲ့ ပုဂ္ဂလိက ဘဏ်ဝန်ထမ်းတွေ ပါဝင်ပါတယ်။

ဒါအပြင် ပုဂ္ဂလိကစက်ရုံ အလုပ်ရုံဝန်ထမ်း၊ ဟိုတယ်၊ တည်းခိုခန်းဝန်ထမ်း၊ အကျဉ်းသား၊ အချုပ်သား၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းက ပုဂ္ဂိုလ်တွေ၊ စူပါမားကတ်နဲ့ ဈေးဝန်ထမ်းတွေလည်း ဦးစားပေးထိုးနှံပေးမယ့်သူတွေထဲ ပါဝင်ပါတယ်။

ကိုဗစ်ကာကွယ်ဆေးကိုတော့ ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီးသူတွေ၊ ကိုဗစ်သံယလူနာနဲ့ အဖျားရှိသူတွေ၊ ကိုဗစ်အတည်ပြုလူနာဖြစ်ပြီးနောက် ၆ လမပြည့်တဲ့သူတွေကို ထိုးပေးမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

မွန်ပြည်နယ်မှာတော့ ဇူလိုင် ၂၉ ရက်နေ့ထိ ကိုဗစ်အတည်ပြုလူနာ ၆၀၀၀ နီးပါးထိ ရှိလာခဲ့တာဖြစ်ပါတယ်။

June 15, 2026
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်အထိ ၅ နှစ်တာအတွင်း စစ်တပ်က ပြည်သူတွေနဲ့...
June 13, 2026
အတွဲလိုက် ဆောင်းဘောက်တွေ ဖွင့်လှစ်ပြီး ဆူညံသံတွေကြောင့် နိုင်ငံသားများရဲ့ ကျန်းမာရေး...
June 12, 2026
မွန်ပြည်နယ် စည်ပင်သာယာရေး ကော်မတီ ဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီး စစ်အစိုးရခန့် ပြည်နယ်...
June 11, 2026
အတွဲလိုက် ဆောင်းဘောက်တွေ ဖွင့်လှစ်ပြီး ဆူညံသံတွေကြောင့် နိုင်ငံသားများရဲ့ ကျန်းမာရေး...