ဗန်းမောက်မြို့ရှိ ပရဟိတစေတနာ့ဝန်ထမ်းနှင့် သက်ကြီးရွယ်အိုများကို Covid-19 ကာကွယ်ဆေးထိုးပေး

ဗန်းမောက်မြို့ရှိ ပရဟိတစေတနာ့ဝန်ထမ်းနှင့် သက်ကြီးရွယ်အိုများကို Covid-19 ကာကွယ်ဆေးထိုးပေး

စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့ရှိ ပရဟိတစေတနာ့ဝန်ထမ်းများနှင့် သက်ကြီးရွယ်အိုများကို Covid-19 ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း ဗန်းမောက်ကျန်းမာရေးဌာနမှ သိရသည်။

“ပထမက Volunteer (စေတနာ့ဝန်ထမ်း) တွေကိုထိုးတာ ဒီနေ့က ထွေအုပ်ကနေပြီးတော့မှ အသက်ခြောက်ဆယ်ကျော်တဲ့သူတွေကို ထိုးပေးတာပေါ့နော သူတို့စာရင်းကောက်တဲ့ဟာကို ကျန်းမာရေးဌာနက ထိုးပေးတာ ဆေးက စုစုပေါင်းမှာ သုံးရာကျော်ပဲရှိတာ ဆက်တိုက်ကြီးထိုးပေးနိုင်တာလည်းမဟုတ်ဘူး အဲ့တာတွေကို ရှိသမျှ ထိုးပေးတဲ့သဘောပါ” ဟု ဗန်းမောက်ဆေးရုံအုပ် ဒေါက်တာကျော်ကျော်လင်းက ဆိုသည်။

ဇူလိုင်လ ၂၆ ရက်နေ့မှ စတင်ထိုးနှံပေးခဲ့ခြင်းဖြစ်သည့် စုစုပေါင်း (၃၃၅) ဦးကို ထိုးနှံခဲ့ရာ Volunteer (၃၀) ဦးပါဝင်ကြောင်း သိရသည်။

ကိုဗစ်ကာကွယ်ဆေးထိုးနှံရေးကို ဗန်းမောက်မြို့နယ်အုပ်ချုပ်ရေးကောင်စီက စာရင်းများကောက်ခံခဲ့ခြင်းဖြစ်ပြီး ကျန်းမာရေးဌာနက ထိုးနှံရေးပိုင်းကိုသာ တာဝန်ယူရကြောင်း ၎င်းကဆိုသည်။

“ကိုဗစ်ဆေးထိုးပြီးရင်တော့ ဘာမှ မထူးခြားဘူးနော့် ညောင်းတာညာတာ ဘာမှမဖြစ်ဘူးနော ပထမတော့ ဖျားမယ်ထင်တာ အခုက ဘာမှမဖြစ်ဘူး ပုံမှန်အတိုင်းပဲ။ ဒီဆေးကိုတော့ နောက်တစ်လပြည့်လို့ရင် ပြန်လည်ထိုးရမယ်လို့ပြောတယ်” ဟု ဆေးထိုးနှံခဲ့သူ ကိုစွမ်းပြည့်ကဆိုသည်။

ဗန်းမောက်မြို့နယ်တွင် ဇူလိုင်လ တစ်လအတွင်း ကူးစက်သူ ငါးရာကျော်ရှိနေပြီး (၂) ဦးသေဆုံးကြောင်း သိရသည်။

 
 

 

 

July 4, 2026
ပြည်တွင်း၌ ဓာတ်ဆီနှင့် ဒီဇယ်တစ်လီတာလျှင် ကျပ် ၃,၀၀၀ ကျော်အထိ ဈေးနှုန်းများ ကျဆင်းနေသော်လည်း...
၂၀၂၅ ခုနှစ်က ဧရာဝတီမြစ်ကိုဆန်တက်တဲ့ စက်လှေများကို MDY PDF တပ်က တိုက်ခိုက်စဉ်/ Credit
July 2, 2026
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်နဲ့ မြစ်ကမ်းဘေး ၅ မိုင်အတွင်း နေထိုင်တဲ့ စစ်ကိုင်းတိုင်း၊...
July 1, 2026
ဖားကန့်မြို့နယ်၊ဆိပ်မူကျေးရွာအုပ်စု ၊ နမ့်မှော်မှော်ကျေးရွာရှိ မြေစာပုံပြိုကျမှုထဲ...
June 30, 2026
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် တပ်ရင်း(၆)က တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်(ခေါ်)ကိုပီတာဟာ...