သဘာဝဘေးဖြစ်ပေါ်မှုကို မကူညီနိုင်သေးဘူးလို့ စစ်ကောင်စီလူကယ်ပြန် ဝန်ခံ

သဘာဝဘေးဖြစ်ပေါ်မှုကို မကူညီနိုင်သေးဘူးလို့ စစ်ကောင်စီလူကယ်ပြန် ဝန်ခံ

မြန်မာနိုင်ငံရဲ့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ မြစ်ရေ ဆက်တိုက်မြင့်တက်လာတဲ့အတွက်ကြောင့် ရေကြီးရေလျှံတာနဲ့ မြေပြိုတာတွေ ဖြစ်ပေါ်နေတယ်။

ရေကြီးရေလျှံတာနဲ့ မြေပြိုမှုတွေ ကြုံတွေ့နေရတဲ့ ပြည်နယ်တွေမှာတော့ အာဏာသိမ်းစစ်ကောင်စီရဲ့ ကူညီမှုမရဘဲ ပြည်သူမှပြည်သူသို့ အချင်းချင်း ကူညီနေရပါတယ်။

ယမန်နေ့ ဇူလိုင် ၂၇ ရက်နေ့မှာတော့ အာဏာသိမ်းစစ်ကောင်စီရဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးကို Online ကနေ ကျင်းပခဲ့ကြောင်း MRTV ရဲ့ ည ၈ နာရီသတင်းမှာ ကြေညာသွားခဲ့ပါတယ်။

ဒီအစည်းအဝေးမှာတော့ ပြည်နယ်တွေမှာဖြစ်ပေါ်နေတဲ့ သဘာဝဘေးကို စောလျင်စွာ ကူညီနိုင်ဖို့အတွက် သတင်းအချက်အလက် အမြန်ဆုံး စုဆောင်းကြဖို့ စစ်ကောင်စီ လူကယ်ပြန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က တိုက်တွန်းခဲ့ပါတယ်။

ဒါအပြင် သဘာဝဘေးဖြစ်ပေါ်နေတဲ့ ပြည်နယ်တွေကို သတင်းအချက်အလက်ရတာနဲ့ အမြန်ဆုံး ကူညီပေးဖို့အတွက် ကောင်းမွန်တဲ့ အစီအစဉ်တွေရေးဆွဲကြဖို့ ဒေါက်တာသက်သက်ခိုင်က မှာကြားခဲ့ပါတယ်။

လက်ရှိမှာတော့ ရေကြီးရေလျှံတာနဲ့ မြေပြိုတာခံစားနေရတဲ့ ပြည်သူတွေဟာ စစ်ကောင်စီရဲ့ ကူညီပံ့ပို့မှု တစ်စုံတစ်ရာ ရရှိခြင်း မရှိသေးပါဘူး။

 
 

 

 

August 6, 2026
မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ...
ပုံဟောင်း (Crd)
August 5, 2026
မွန်ပြည်၊ သထုံခရိုင်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဒေသခံပြည်သူများကို ဒေသန္တရအမိန့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 4, 2026
မွန်ပြည်တွင် စစ်တပ်က ကျားဖြန့်လုပ်ငန်းများမှ သိမ်းဆည်းထားသည့် လူအသုံးအဆောင် ပစ္စည်းများကို...
August 3, 2026
စစ်အုပ်စု အနေဖြင့် နိုင်ငံတော်သစ်တည်ဆောက်ရေးကို အရှိန်ရအောင် နှစ်နှစ် အချိန်ယူမည်ဖြစ်ပြီး...