ပြည်သူ့အာဏာကို လူတစ်စုရဲ့တရားမဝင်အမိန့်နဲ့ မချေဖျက်နိုင်ဘူးလို့ CRPH ထုတ်ပြန်

ပြည်သူ့အာဏာကို လူတစ်စုရဲ့တရားမဝင်အမိန့်နဲ့ မချေဖျက်နိုင်ဘူးလို့ CRPH ထုတ်ပြန်

အချုပ်အခြာအာဏာရဲ့ မူလပိုင်ရှင်ဖြစ်တဲ့ ပြည်သူတွေက ရွေးကောက်တင်မြှောက်ခဲ့တဲ့ ပြည်သူ့အာဏာကို လူတစ်ခုရဲ့ တရားမဝင်အမိန့် ထုတ်ပြန်ရုံမျှနဲ့ ချေဖျက်နိုင်ခြင်းမရှိကြောင်း CRPH က ထုတ်ပြန်လိုက်ပါတယ်။

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့မှာကျင်းပခဲ့တဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ရလဒ်တွေကိုပယ်ဖျက်ကြောင်း စစ်ကောင်စီရဲ့ ကြေညာချက်အပေါ် တုံ့ပြန်ခဲ့တာလည်းဖြစ်ပါတယ်။

ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတယ်ဆိုတာ ပြည်တွင်း၊ ပြည်ပ ရွေးကောက်ပွဲစောင့်ကြည့်တဲ့ အဖွဲ့အစည်းတွေလည်း အသိအမှတ်ပြုထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ထို့ကြောင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အနေနဲ့ ပြည်သူတွေရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေနဲ့အတူ ရပ်တည်ပြီး ပေးအပ်တဲ့တာဝန်ကို ဆက်လက်ထမ်းဆောင်သွားမယ်လို့ ဆိုပါတယ်။

စစ်အာဏာရှင်ကိုဆန့်ကျင်ပြီး ပြည်သူကိုသစ္စာရှိတဲ့ အနိုင်ရပါတီတွေက ကိုယ်စားလှယ်တွေ၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်တွေနဲ့အတူ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ပါတယ်။

ဒီ့အပြင် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေး ဆက်လက်ဆောင်ရွက်သွားမယ်လို့ ပြည်သူတွေကို ထပ်မံဂတိပြုကြောင်းလည်း ဆိုပါတယ်။

ဒါကြောင့် ဘယ်နိုင်ငံကမှ အစိုးရဆိုပြီး တရားဝင်အသိမှတ်မပြုထားတဲ့ တရားမဝင် အာဏာသိမ်းစစ်ကောင်စီက ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲကော်မရှင်ဆိုသော အဖွဲ့အစည်းရဲ့ ထုတ်ပြန်ချက်ဟာ ဘယ်ဉပဒေတွေနဲ့မှ အကျုံးဝင် အာဏာသက်ရောက်မှာမဟုတ်ကြောင်း CRPH က အတိအလင်း ကြေညာခဲ့တာလည်းဖြစ်ပါတယ်။

 
 

 

 

ဓာတ်ပုံ - (မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည့် ကျေးရွာတစ်ရွာကို တွေ့ရစဉ် / Crd)
August 29, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များ တည်ရှိရာ ဒေသများသို့ ဦးတည်...
ဓာတ်ပုံ - (မန်ကတ်မြို့ သင်တန်းကျောင်း၌ စစ်မှုထမ်းရန် စုဆောင်းခံထားရသူများကို တွေ့ရစဉ် / MOI)
August 28, 2026
ရန်ကုန်နှင့် မန္တလေး မြို့ကြီးများတွင် စစ်မှုထမ်းရန် တပ်သားစုဆောင်းရေးအတွက်...
August 28, 2026
မန္တလေး အိုးဘိုအကျဉ်းထောင်အတွင်း ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများအပေါ် အောက်ခြေ ထောင်ဝန်...
August 27, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်အုပ်စုတပ် စစ်ကြောင်းသည်...