ဖမ်းဆီးခံကျောင်းသားတွေကို ပြန်လွှတ်ပေးဖို့ မော်လမြိုင်တက္ကသိုလ် ဆရာများသမဂ္ဂ တောင်းဆို

ဖမ်းဆီးခံကျောင်းသားတွေကို ပြန်လွှတ်ပေးဖို့ မော်လမြိုင်တက္ကသိုလ် ဆရာများသမဂ္ဂ တောင်းဆို

အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းပြီး အကျဉ်းထောင်တွေမှာ ချုပ်နှောင်ထားတဲ့ ဖမ်းဆီးခံကျောင်းသားတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ မော်လမြိုင်တက္ကသိုလ် ဆရာများသမဂ္ဂ တောင်းဆိုလိုက်ပါတယ်။

ဖမ်းဆီးခံကျောင်းသားတွေဟာ လပေါင်းများစွာ မတရားဖမ်းဆီးချုပ်နှောင်ခံရထားပြီး အကျဉ်းသားတွေ ပြန်လွှတ်ပေးတဲ့ထဲ ပါဝင်လာခြင်းမရှိသေးတဲ့အပေါ် စိုးရိမ်ပူပန်နေရတယ်လို့ ဆရာများသမဂ္ဂက ဇူလိုင် ၂၆ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာပါ။

ဒါအပြင် လက်ရှိကာလမှာ ဖြစ်ပွားနေတဲ့ ကိုဗစ်ကပ်ရောဂါကြောင့် အကျဉ်းထောင်တွေမှာ ကိုဗစ်ရောဂါပိုး ပြန့်ပွားကူးစက်မှုတွေရှိနေကြောင်း ကြားသိရသဖြင့် ကျောင်းသားတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်တာပါ။

ဆရာများသမဂ္ဂအနေနဲ့ ဖမ်းဆီးခံ ကျောင်းသူ/ကျောင်းသားတွေကို လျစ်လျူရှု့ထားမှာမဟုတ်ဘဲ ကျောင်းသားတွေမလွတ်မချင်း အင်တိုက်အားတိုက် တောင်းဆိုနေမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မွန်ပြည်နယ်တစ်ခုလုံးမှာတော့ တက္ကသိုလ် ကျောင်းသား/ကျောင်းသူတွေအပါအဝင် အပြစ်မဲ့ပြည်သူ ၄၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်။

June 15, 2026
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်အထိ ၅ နှစ်တာအတွင်း စစ်တပ်က ပြည်သူတွေနဲ့...
June 13, 2026
အတွဲလိုက် ဆောင်းဘောက်တွေ ဖွင့်လှစ်ပြီး ဆူညံသံတွေကြောင့် နိုင်ငံသားများရဲ့ ကျန်းမာရေး...
June 12, 2026
မွန်ပြည်နယ် စည်ပင်သာယာရေး ကော်မတီ ဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီး စစ်အစိုးရခန့် ပြည်နယ်...
June 11, 2026
အတွဲလိုက် ဆောင်းဘောက်တွေ ဖွင့်လှစ်ပြီး ဆူညံသံတွေကြောင့် နိုင်ငံသားများရဲ့ ကျန်းမာရေး...