သံလွင်မြစ်နဲ့ ဘီးလင်းမြစ် စိုးရိမ်ရေမှတ်ရောက်နိုင်၊ မြစ်ကမ်းဘေးနေသူတွေ အထူးသတိထားဖို့လို

သံလွင်မြစ်နဲ့ ဘီးလင်းမြစ် စိုးရိမ်ရေမှတ်ရောက်နိုင်၊ မြစ်ကမ်းဘေးနေသူတွေ အထူးသတိထားဖို့လို

သံလွင်မြစ်ရေနဲ့ ဘီးလင်မြစ်ရေဟာ နောက်ရက်တွေအတွင်း စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်လာတဲ့အတွက်ကြောင့် မြစ်ကမ်းအနီးနဲ့ အနိမ့်ပိုင်းမှာ နေထိုင်သူတွေအနေနဲ့ အထူးသတိပြုနေထိုင်ကြဖို့ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနက ဒီကနေ့ ဇူလိုင် ၂၇ ရက်နေ့မှာ သတိပေးထုတ်ပြန်လိုက်ပါတယ်။

ဒီကနေ့မနက် ၈ နာရီခွဲ တိုင်းထွာချက်အရ သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ မြို့ရဲ့စိုးရိမ်ရေမှတ်အောက် ၁ ပေခွဲခန့်ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်းမှာ စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားတာပါ။

ဘီးလင်းမြစ်ရေဟာလည်း မြို့ရဲ့စိုးရိမ်ရေမှတ်အောက် ၂ ပေခန့်မှာရောက်ရှိနေပြီး နောက် ၂ ရက်အတွင်း မြို့ရဲ့စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်တယ်လို့လည်း မိုးဇလက အသိပေးထုတ်ပြန်ထားပါတယ်။

ဒါကြောင့် ဘားအံမြို့နယ်နဲ့ ဘီးလင်းမြို့နယ်အတွင်းက မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းတွေမှာ နေထိုင်သူတွေအနေနဲ့ အထူးသတိပြုနေထိုင်ကြဖို့ မိုးဇလက သတိပေးထားပါတယ်။

"သံလွင်မြစ်ရေကတော့ ဖြည်းဖြည်းပဲတက်ပါမယ်။ အနိမ့်ပိုင်းနဲ့ မြစ်ကမ်းအနီးမှာ နေထိုင်သူတွေအနေနဲ့ သတိထားသင့်ပါတယ်" လို့ ကရင်ပြည်နယ် မိုးဇလတာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

ကရင်ပြည်နယ်မှာတော့ လှိုင်းဘွဲမြစ်၊ ဟောင်သရောမြစ်နဲ့ ဇမိမြစ်ရေတို့ဟာ စိုးရိမ်ရေမှတ်ထက်ကို ကျော်လွန်ရောက်ရှိနေပြီး လှိုင်းဘွဲ မြဝတီ ကျိုက်ဒုံ ကြာအင်းဆိပ်ကြီး စတဲ့မြို့တွေမှာ ရေဘေးသင့်ကြုံနေရတာဖြစ်ပါတယ်။

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အောက်တို့မှာ မုတ်သုံလေ အားအလွန်ကောင်းနေတာကြောင့် မွန် ကရင် ရခိုင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ ဒေသအလိုက် မိုးကြီးနိုင်တယ်လို့ မိုးဇလ ခန့်မှန်းထားပါတယ်။

 
 

 

 

August 6, 2026
မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ...
ပုံဟောင်း (Crd)
August 5, 2026
မွန်ပြည်၊ သထုံခရိုင်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဒေသခံပြည်သူများကို ဒေသန္တရအမိန့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 4, 2026
မွန်ပြည်တွင် စစ်တပ်က ကျားဖြန့်လုပ်ငန်းများမှ သိမ်းဆည်းထားသည့် လူအသုံးအဆောင် ပစ္စည်းများကို...
August 3, 2026
စစ်အုပ်စု အနေဖြင့် နိုင်ငံတော်သစ်တည်ဆောက်ရေးကို အရှိန်ရအောင် နှစ်နှစ် အချိန်ယူမည်ဖြစ်ပြီး...