ကိုဗစ်စင်တာအတွင်း ရေကြီးရေလျှံမှုကြောင့် အောက်ဆီဂျင်ပေးနေရသည့်လူနာများ ရေလွတ်ရာသို့ အရေးပေါ်ပြောင်းရွှေ့ခဲ့ရ

ကိုဗစ်စင်တာအတွင်း ရေကြီးရေလျှံမှုကြောင့် အောက်ဆီဂျင်ပေးနေရသည့်လူနာများ ရေလွတ်ရာသို့ အရေးပေါ်ပြောင်းရွှေ့ခဲ့ရ

ကရင်ပြည်နယ် မြဝတီမြို့ အမှတ် ၄ ရပ်ကွက်ရှိ ရွှေမြဝတီ ကိုဗစ်စင်တာအတွင်း ရေကြီးရေလျှံမှုဖြစ်ပွားခဲ့၍ အောက်ဆီဂျင်ပေးရှူနေရသည့် လူနာများ ရေလွတ်ရာသို့ အရေးပေါ်ပြောင်းရွှေ့နေရသည်။

ယနေ့ ဇူလိုင်လ ၂၆ ရက်နေ့က မိုးအဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် ရွှေမြဝတီ ကိုဗစ်စင်တာအတွင်း ရေကြီးရေလျှံမှုဖြစ်ပွားခဲ့၍ မွန်းလွဲ ၃ နာရီခန့်က အောက်ဆီဂျင်ပေးရှူနေရသည့် လူနာ ၁၀၀ ဝန်းကျင်ခန့်ထားရှိရာ လူနာဆောင်မှာ ရေဝင်ရောက်မှုကြောင့် လူနာများအား တဖက်ရေလွတ်ရာအဆောင်သို့ အရေးပေါ် ပြောင်းရွှေ့ခဲ့ရသည်။

ထို့အပြင် ထိုင်း-မြန်မာနယ်ခြား သောင်ရင်းမြစ်ရေမှာ ယနေ့တွင် စိုးရိမ်ရေအမှတ်ထက်ကျော်လွန်ပြီး မြစ်ရေလျှံမှုကြောင်း မြစ်ကမ်းအနီး အနိမ့်ပိုင်းရပ်ကွက်များရှိ လူနေအိမ်ခြေ ၅၀၀ ကျော် ရေဘေးဒုက္ခခံနေရပြီး ဘေးလွတ်ရာသို့ တိမ်းရှောင်နေရသည်။

ယနေ့ညပိုင်း ဆက်လက်၍ မိုးသည်းထန်စွာရွာသွန်းမည်ဆိုပါက ရွှေမြဝတီကိုဗစ်တာတွင် လူနာများ ဆက်လက်နေထိုင်ရန် အခက်အခဲရှိနိုင်ပြီး ရေ ဘေးလွတ်သည့်နေရာတွင် ကိုဗစ်စင်တာအသစ် အရေးပေါ်ထပ်မံဖွင့်လှစ်ထားရန်လိုအပ်ကြောင်း လူနာရှင်တစ်ဦးက ပြောသည်။

“အခု ပြောင်းထားပေးတဲ့နေရာ ရေထပ်ရောက်လာဖို့က ၁ ပေခန့်ပဲလိုတာပါ။ ဒီည မိုးထပ်ပြီးများရင် ဒီစင်တာမှာ ဆက်လက်နေထိုင်၍မရနိုင်တော့ဘူး။ တာဝန်ရှိသူတွေအနေနဲ့ ရေလွတ်ရာနေရာသစ်မှာ ကိုဗစ်စင်တာထပ်ဖွင့်ဖို့ ကြိုတင်စီစဉ်ထားဖို့လိုပါတယ်” ဟု ၎င်းလူနာရှင်က ဆိုသည်။

မြဝတီမြို့တွင် ကိုဗစ်စင်တာ သုံးခုရှိပြီး ကိုဗစ်အတည်ပြုလူနာ ၆၀၀ ဝန်းကျင်ခန့်ကို စောင့်ကြည့်ကုသပေးလျက်ရှိရာ အရေးပေါ်လူနာများကိုမူ မြဝတီ ခရိုင်ပြည်သူ့ဆေးရုံနှင့် သင်္ကန်းညီနောင် တိုက်နယ်ဆေးရုံတွင် ကုသပေးလျက်ရှိသည်။

လက်ရှိ ကိုဗစ်စင်တာများတွင် အောက်ဆီဂျင်မလုံလောက်မှုကြောင့် မကြာခဏ အခက်ကြုံရမှုများရှိနေသလို စင်တာတွင် လူနာထားရန် နေရာမရှိတော့၍ ပြင်ပလူမှုကယ်ဆယ်ရေးအဖွဲ့အစည်းများနှင့် နေအိမ်တွင် အောက်ဆီဂျင်ပေးရှူနေရသည့် လူနာများမှာ အောင်ဆီဂျင်ရရှိရေးအတွက် နေ့စဉ် လုံးပန်းနေရကြောင်း သိရသည်။

 
 

 

 

May 13, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းဟောင်းလမ်းပိုင်းနှင့် အောက်ဘိုတဲဒေသတဝိုက်တွင်...
May 12, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးနှင့် ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာတချို့တို့တွင် ယခုနှစ်နွေရာသီ...
May 11, 2026
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA နယ်မြေအတွင်းရှိ ဒေသခံလူထုများ ကြုံတွေ့နေရသည့်...
May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...