မုဒုံ-သံဖြူဇရပ် ကားလမ်း ရေထပ်ကျော်၊ ကားအစီး ၁၀၀ ကျော် ပိတ်မိနေ

မုဒုံ-သံဖြူဇရပ် ကားလမ်း ရေထပ်ကျော်၊ ကားအစီး ၁၀၀ ကျော် ပိတ်မိနေ

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ နှီးပဒေါကျေးရွာအနီးရှိ မုဒုံ-သံဖြူဇရပ် ကားလမ်းဟာ ဒီကနေ့ ဇူလိုင်လ ၂၆ ရက်နေ့ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကားလမ်းရေကျော်မှု ထပ်မံဖြစ်ပေါ်နေတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အခုအခါ ကားလမ်းရေကျော်နေတဲ့အတွက်ကြောင့် ဆိုင်ကယ်နဲ့ ကားငယ်တွေ ဖြတ်သန်းသွားလာလို့မရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။

"နှီးပဒေါအခြေအနေက ကားသေးတွေ လုံးဝဖြတ်လို့မရတော့ဘူး၊ ကားကြီးတွေကတော့ ဖြတ်လို့ရတဲ့အနေအထားမှာရှိတယ်" လို့ မုဒုံမြို့နယ် မေတ္တာမွန်ပရဟိတအသင်း ဥက္ကဋ္ဌ ဦးခန့်မင်းသိန်းက ပြောပါတယ်။

ဒါပေမယ့် မိုးဆက်တိုက် ရွာသွန်းနေတဲ့အတွက်ကြောင့် ရေထပ်တိုးလာရင် ကားကြီးတွေပါ ဖြတ်မရတော့မယ့် အခြေအနေရှိနေတယ်။

မုဒုံ-သံဖြူဇရပ် ကားလမ်းဟာ မနေ့ ဇူလိုင် ၂၅ ရက်နေ့ကလည်း ၆ နာရီးနီးပါးအကြာ ဖြတ်သန်းလို့မရခဲ့တာပါ။

မုဒုံ-သံဖြူဇရပ် ကားလမ်းဟာဆိုရင် မွန်ပြည်နယ်အတွင်းရှိ မုဒုံ၊ သံဖြူဇရပ်နဲ့ ရေးမြို့နယ်တို့ကို ဆက်သွယ်ထားသလို တနင်္သာရီတိုင်းကို သွားလာရာမှာလည်း အဓိကအသုံးပြုနေရတဲ့ လမ်းမကြီးဖြစ်ပြီး နှစ်စဉ် ကားလမ်းရေကျော်မှုနဲ့ ကြုံတွေ့နေရတာဖြစ်ပါတယ်။

 
 

 

 

June 15, 2026
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်အထိ ၅ နှစ်တာအတွင်း စစ်တပ်က ပြည်သူတွေနဲ့...
June 13, 2026
အတွဲလိုက် ဆောင်းဘောက်တွေ ဖွင့်လှစ်ပြီး ဆူညံသံတွေကြောင့် နိုင်ငံသားများရဲ့ ကျန်းမာရေး...
June 12, 2026
မွန်ပြည်နယ် စည်ပင်သာယာရေး ကော်မတီ ဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီး စစ်အစိုးရခန့် ပြည်နယ်...
June 11, 2026
အတွဲလိုက် ဆောင်းဘောက်တွေ ဖွင့်လှစ်ပြီး ဆူညံသံတွေကြောင့် နိုင်ငံသားများရဲ့ ကျန်းမာရေး...