အကျဉ်းသားတွေဟာ နှစ်ထပ်ကွင်း လူ့အခွင့်အရေး ချိုးဖောက်ခံနေကြရတယ်လို့ NUG လူ့အခွင့်ရေးဝန်ကြီးပြော

အကျဉ်းသားတွေဟာ နှစ်ထပ်ကွင်း လူ့အခွင့်အရေး ချိုးဖောက်ခံနေကြရတယ်လို့ NUG လူ့အခွင့်ရေးဝန်ကြီးပြော

အကျဉ်းထောင်အတွင်းက အကျဉ်းသားတွေဟာ ထောင်တွင်းမှာ ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်လို့ အထူးကာကွယ်ပေးမှုမရှိဘဲ အခွင့်အရေးချိုးဖောက်ခံနေရလို့ တောင်းဆိုမှုကို နောက်ထပ်အခွင့်အရေး ချိုးဖောက်ခံရမှုဖြစ်တဲ့ ဖြိုခွင်းမှုနဲ့ ကြုံတွေ့ခဲ့ကြရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။

NUG အစိုးရဲ့ ယမန်နေ့ ဇူလိုင်လ ၂၅ ရက်နေ့ ညနေပိုင်းကပြုလုပ်တဲ့ တတိယအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ အင်းစိန်ထောင်အတွင်း ဆန္ဒပြလို့ တိုက်ပိတ်ခံထားရမှု နောက်ဆက်တွဲအခြေအနေတွေနဲ့ပတ်သက်လို့ မဇ္ဈိမရဲ့မေးမြန်းချက်ကို NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

ထောင်းတွင်းမှာ ဖိနှိပ်ခံထားရပေမယ့် ကိုယ့်ရဲ့အခွင့်အရေးကို တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြတဲ့ သူရဲကောင်းတွေကို လေးစားအသိအမှတ်ပြုကြောင်းလည်း လူ့အခွင့်ရေးဝန်ကြီးက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အင်းစိန်ထောင်အတွင်းမှာ ကိုဗစ်ကူးစက်ပျံ့ပွားနေတာကြောင့် ကျန်းမာရေးကာကွယ်မှုအစီအမံတွေ တိုးမြှင့်ပေးဖို့ အကျဉ်းသားတွေက ဇူလိုင်လ ၂၃ ရက်နေ့မှာ ထောင်တွင်းဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

အခွင့်အရေးတောင်းဆိုဆန္ဒပြတဲ့ အကျဉ်းသားတွေကို စစ်တပ်က အကျဉ်းထောင်အတွင်း စီးနင်းဝင်ရောက် ဖြိုခွင်းခဲ့တာကြောင့် အကျဉ်းသားတွေ ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေကို စုံစမ်းနေဆဲဖြစ်တယ်လို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။

“ဘယ်လောက်ပဲထိထိ ထောင်သားတစ်ဦး ထိခိုက်တာ၊ ဒဏ်ရာရတာဟာ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ပါတယ်” လို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။

အဲဒီလို ဆန္ဒပြမှုဖြစ်ပြီးနောက် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ ICRC ကလည်း အကျဉ်းထောင်တွေကို ဝင်ရောက်လေ့လာပြီး ကျန်းမာရေးအကူအညီပေးနိုင်ဖို့ ထောင်အာဏာပိုင်တွေနဲ့ ဆွေးနွေးကမ်းလှမ်းထားပြီး အခြေအနေအရပ်ရပ်ကို အနီးကပ်စောင့်ကြည့်နေတယ်လို့ ဇူလိုင်လ ၂၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

“ထုတ်ဖော်ဆန္ဒပြရတဲ့ ကျန်းမာရေးဆိုင်ရာကိစ္စတွေ၊ ထောင်သားတွေရရှိခွင့်ရှိတဲ့ အကြောင်းအရာတွေကို အပြည့်အဝ ရရှိဖို့အတွက်လည်း စီမံဆောင်ရွက်နေပါတယ်” လို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။

အင်းစိန်ထောင်တွင်းဆန္ဒပြမှု နောက်ဆက်တွဲအနေနဲ့ ထောင်တွင်းသပိတ်ကို ဦးဆောင်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ၊ ကျောင်းသားထုအခွင့်အရေးတာဝန်ခံ ကိုလေပြေစိုးမိုးဟာ ထောင်တွင်း တိုက်ပိတ်ခံထားရတယ်လို့ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ကလည်း ထုတ်ပြန်ထားပါတယ်။

 
 

 

 

March 18, 2026
အတုအယောင်အဖြစ် ဝေဖန်ခံထားရသည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲအပြီး ယနေ့ (မတ် ၁၈) တွင် ကျင်းပသည့်...
ရုရှားနိုင်ငံထုတ် စစ်ကော်မရှင်၏တိုက်လေယာဉ်အသစ်များကို အာဏာသိမ်းပြီးကာလမှာ တွေ့ရစဉ်(ပုံအဟောင်း-AFP)
March 17, 2026
ဓာတု — မန္တလေးတိုင်း၊ မြင်းခြံခရိုင်ရှိ မြင်းခြံနှင့်နွားထိုးကြီးမြို့နယ်တို့တွင် နှစ်လတာအတွင်း...
ဓာတ်ပုံ - ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့မှ တပ်သားများကို အတူတကွ တွေ့ရစဥ် ။
March 16, 2026
မောင်ခက်နွေ — ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် MNDAA နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့်...
March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...