သထုံမြို့နယ်က အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

သထုံမြို့နယ်က အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

သထုံမြို့နယ်၊ မြေနီကုန်းကျေးရွာအုပ်ရေးမှူးဟောင်း ဦးမြင့်ရွှေဟာ ဒီကနေ့ ဇူလိုင် ၂၄ ရက်နေ့ နေ့လယ်ပိုင်းမှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အသက် ၆၀ အရွယ် ဦးမြင့်ရွှေ နေအိမ်မှာရှိနေစဉ် အမည်မသိသေနတ်သမား ၂ ဦးက ဆိုင်ကယ်နဲ့လာရောက်ပြီး ပစ်သတ်သွားခဲ့တာပါ။

“ဟုတ်တယ်၊ ဦးမြင့်ရွှေ ပစ်သတ်ခံရတယ်၊ နေအိမ်ထဲ ဝင်ပစ်သွားတာ၊ အိမ်သားတွေတော့ မထိဘူး” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

ဦးမြင့်ရွှေဟာ သေနတ်ဒဏ်ရာ ၆ ချက်ရရှိခဲ့ပြီး၊ နောက်စေ့ဖောက်ထွက်ဒဏ်ရာ၊ လည်ပင်းနဲ့ကျောဘက်ပြင်တွေမှာ ဒဏ်ရာရရှိပြီး ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။

ဦးမြင့်ရွှေဟာ ပြီးခဲ့တဲ့ ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၀ မှ ၂၀၁၅ ခုနှစ်ထိ မြေနီကုန်းကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တာပါ။

လက်ရှိမှာတော့ ဦးမြင့်ရွှေဟာ မြေနီကုန်းကျေးရွာ ပြည်သူ့စစ်အဖွဲ့ခေါင်ဆောင်းအဖြစ် လုပ်ဆောင်နေတယ်လို့ ကြားသိရပေမယ့် သံလွင်တိုင်းမ်က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

သထုံမြို့နယ်မှာ မနေ့ကလည်း ဒူးရင်းဆိပ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှမင်း သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။

 
 

 

 

August 6, 2026
မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ...
ပုံဟောင်း (Crd)
August 5, 2026
မွန်ပြည်၊ သထုံခရိုင်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဒေသခံပြည်သူများကို ဒေသန္တရအမိန့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 4, 2026
မွန်ပြည်တွင် စစ်တပ်က ကျားဖြန့်လုပ်ငန်းများမှ သိမ်းဆည်းထားသည့် လူအသုံးအဆောင် ပစ္စည်းများကို...
August 3, 2026
စစ်အုပ်စု အနေဖြင့် နိုင်ငံတော်သစ်တည်ဆောက်ရေးကို အရှိန်ရအောင် နှစ်နှစ် အချိန်ယူမည်ဖြစ်ပြီး...