KNLA နဲ့ စစ်ကောင်စီ သုံးရက်အတွင်း တိုက်ပွဲ ၁၀ ကြိမ်ဖြစ်၊ စစ်ကောင်စီဘက်က ၁၀ ဦးသေဆုံး

KNLA နဲ့ စစ်ကောင်စီ သုံးရက်အတွင်း တိုက်ပွဲ ၁၀ ကြိမ်ဖြစ်၊ စစ်ကောင်စီဘက်က ၁၀ ဦးသေဆုံး

ဖာပွန်ဒေသမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့တို့ကြား ဇူလိုင် ၁၉ ရက်နေ့မှ ၂၁ ရက်နေ့ထိ သုံးရက်အတွင်း တိုက်ပွဲ ၁၀ ကြိမ်ခန့်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၀ ဦးသေဆုံးခဲ့တယ်လို့ ကေအဲန်ယူမူတြော်သတင်းစဉ်က ထုတ်ပြန်ထားပါတယ်။

ဇူလိုင် ၁၉ ရက်နေ့က ကရင်ပြည်နယ် ဖာပွန်ဒေသမှာ  KNLA တပ်မဟာ ၅ တပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ကြား တိုက်ပွဲ ၅ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၄ ဦးသေ ၄ ဦးဒဏ်ရာရရှိကာ စစ်ကားတစ်စီးလည်း ပျက်စီးသွားခဲ့တာပါ။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင်တွေက ဖာပွန် နို့ခဲထာ့နဲ့ မို့လို့ပါကျေးရွာထဲကို လက်နက်ကြီးအလုံးပေါင်း ၄၀ ခန့် ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံရွာသားတွေရဲ့ ကျွဲတွေ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဇူလိုင် ၂၀ ရက်နေ့ မနက် ၉ နာရီခွဲက KNLA တပ်မဟာ ၅ တပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီ နယ်ခြားစောင့်တပ် ပူပေါင်းအဖွဲ့တို့ကြား ကိုင်းတောရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့ဘက်က ၅ ဦးသေဆုံး ၆ ဦးဒဏ်ရာရရှိကာ ကားတစ်စီး ပျက်စီးသွားခဲ့ပါသေးတယ်။

အဲဒီ ဇူလိုင် ၂၀ ရက်နေ့မှာပဲ ဖာပွန်ခရိုင် လူသောမြို့နယ် လယ်မူပလောဒေသအတွင်းမှာ တိုက်ပွဲ ၂ ကြိမ် ထပ်မံဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁ ဦးသေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင် ၂၁ ရက်နေ့မှာတော့ တိုက်ပွဲ ၂ ကြိမ် ထပ်မံဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က ထိခိုက်ကျဆုံးမှုကို မသိရသေးပဲ KNLA ဘက်ကတော့ ထိခိုက်မှုမရှိဘူးလို့ နယ်မြေခံ KNLA အရာရှိတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

လတ်တလော ဖာပွန်ခရိုင်အတွင်းမှာ စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့တွေဟာ စစ်ရေးလှုပ်ရှားမှုနဲ့ တပ်အင်အားတွေ ပိုမိုတိုးချဲ့လာတဲ့အပြင် လူသောမြို့နယ် ခေးပူဒေသထဲမှာ တပ်စခန်း ၂ ခုကိုပါ ထပ်မံတိုးချဲ့ခဲ့တယ်လို့ ကေအဲန်ယူရဲ့ မူတြော်သတင်းစဉ်ဖော်ပြချက်အရ သိရပါတယ်။

August 6, 2026
မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ...
ပုံဟောင်း (Crd)
August 5, 2026
မွန်ပြည်၊ သထုံခရိုင်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဒေသခံပြည်သူများကို ဒေသန္တရအမိန့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 4, 2026
မွန်ပြည်တွင် စစ်တပ်က ကျားဖြန့်လုပ်ငန်းများမှ သိမ်းဆည်းထားသည့် လူအသုံးအဆောင် ပစ္စည်းများကို...
August 3, 2026
စစ်အုပ်စု အနေဖြင့် နိုင်ငံတော်သစ်တည်ဆောက်ရေးကို အရှိန်ရအောင် နှစ်နှစ် အချိန်ယူမည်ဖြစ်ပြီး...