သံဖြူဇရပ်မြို့နယ်တွင် Safe For Sick အစီအစဉ်ဖြင့် ဆေးဝါးလိုအပ်နေသူများကို အခမဲ့ကူညီမည်

သံဖြူဇရပ်မြို့နယ်တွင် Safe For Sick အစီအစဉ်ဖြင့် ဆေးဝါးလိုအပ်နေသူများကို အခမဲ့ကူညီမည်

သံဖြူဇရပ်မြိုနယ်အတွင်းရှိ ကိုဗစ်ရောဂါဖျားနာသူများ ဆေးရုံ၊ ဆေးခန်းသွားရောက်ရန် အခက်အခဲရှိသူများကို တိုင်ပင်ဆွေးနွေး ကျန်းမာရေး Safe For Sick အစီအစဉ်ဖြင့် ဆရာဝန်များ၊ Volunteer များအား ဖုန်းဖြင့်ဆက်သွယ်၍ ကျန်းမာရေးတိုင်ပင်ဆွေးနွေးပြီး လိုအပ်သည့်ဆေးဝါးများကို အိမ်အရောက် အခမဲ့ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

ကိုဗစ်တတိယလှိုင်းကာလအတွင်း ဆေးရုံဆေးခန်းများ ပိတ်ထားသောကြောင့် ဆေးခန်းပြရန်နှင့် ဆေးရရှိရန် ခက်ခဲနေသူများကို အဓိက ရည်ရွယ်ကာ ကူညီပေးနေကြောင်း ဒေါက်တာပိုင်စိုးလင်းက ပြောသည်။

"ကျွန်တော်တို့အခုက အိမ်မှာနေမယ်။ ပုံမှန်သောက်တဲ့ဆေးတွေ၊ ဆေးဝယ်ရခက်တဲ့လူနာတွေ၊ ငွေကြေးမတတ်နိုင်တဲ့လူနာတွေ၊ နောက်တစ်ခုက ဖျားနာနေတယ် ဆေးခန်းသွားဖို့ အဆင်မပြေဘူး။ အဲလိုလူနာတွေဆိုရင်တော့ ကျွန်တော်တို့က ကျန်းမာရေးအသိပညာပေးတယ်။ လိုတဲ့ဆေးတွေဆို ပို့ပေးတယ်။ ဆေးရုံသွားဖို့လိုတဲ့လူနာဆို ဆေးရုံသွားဖို့ ညွှန်ကြားပေးတယ်ပေါ့နော်" ဟု ဒေါက်တာပိုင်စိုးလင်းက ပြောသည်။

ဆေးရုံဆေးခန်းတွင် လူနာများတိုးနေသောကြောင့် တစ်ဦးတစ်ယောက်မှစပြီး ကိုဗစ်ကူးစက်လာမည်ကိုလည်း စိုးရိမ်သောကြောင့် စီစဉ်ရခြင်းဖြစ်ကြောင်း၊ ကိုဗစ်ကာလအတွင်း ကျန်းမာရေးမကောင်းသည့်လူနာများ၊ ဆေးရုံဆေးခန်းသွားဖို့ ခက်ခဲနေသူများအားလုံး Safe For Sick ကို အကူညီတောင်းခံနိုင်ကြောင်း ၊ Safe For Sick အနေဖြင့် ကူညီနိုင်သမျှ ကိစ္စရပ်များကို ကူညီပေးသွားမည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

Volunteer အဖြစ် ကူညီပေးနေသူတစ်ဦးက "အကူညီလိုတဲ့သူတွေကို ကူညီပေးရနေတာဖြစ်လို့ ကျွန်မက ဝိုင်းဝန်းပူးပေါင်းပေးတာပါ။ အခုကာလကြီးမှာ လူတိုင်းလူတိုင်း အခက်အခဲတွေဖြစ်နေတယ်။ ကျန်းမာရေးမကောင်းတဲ့သူတွေ တကယ်အခက်အခဲရှိသူတွေကို ကူညီပေးရတာမို့ ပါဝင်ဖြစ်တာပါ" ဟု ပြောသည်။

သံဖြူဇရပ်မြို့နယ်တစ်ခုလုံး၊ ကျိုက္ခမီမြို့နှင့် အနီးအနားကျေးရွာများအပါအဝင် ကျန်းမာရေးမကောင်းသူများနှင့် ဆေးဝါးအခက်အခဲရှိသူများလည်း ဖုန်းဆက်သွယ်၍ အကူညီတောင်းခံနိုင်ကြောင်း၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များကို Online နှင့် ဗီနိုင်းများဖြင့် ဖြန့်ဝေအသိပေးထားသည်။

May 16, 2026
မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အစပ်၊ ဂျိုင်းမြစ်ဒေသရှိ ကျေးရွာအချို့တွင် လုံခြုံရေးအခြေအနေ...
May 15, 2026
မွန်ဒေသအသီးသီး၌ အသစ်ဆောက်လုပ်နေသည့် မွန်အမျိုးသားကျောင်း ၄ ကျောင်းထက်မနည်း လာမည့် ပညာသင်နှစ်...
May 14, 2026
မွန်ပြည်နယ်တွင်၊ မေလ ၁၂ ရက်နေ့၌ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ တစ်ဧက ၃ သိန်းကျပ်နှုန်းဖြင့်...
May 13, 2026
တနင်္သာရီမြို့နယ် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်စခန်းရှိရာ မောတောင်မြို့ကို ပြန်ရရေး...