ပေါင်မြို့နယ်မှာ အောက်စီဂျင် စတင်ပြတ်လပ်

ပေါင်မြို့နယ်မှာ အောက်စီဂျင် စတင်ပြတ်လပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်မှာ ဒီကနေ့ ဇူလိုင် ၂၁ ရက်နေ့ကစပြီး အောက်စီဂျင်ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရပြီလို့ ကိုဗစ်အရေးကူညီနေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အောက်စီဂျင်ပြတ်လပ်မှုကြောင့် ပေါင်မြို့နယ်က ဆေးရုံတွေမှာ တက်ရောက်ကုသနေတဲ့ ကိုဗစ်အတည်ပြုလူနာတွေအတွက် အောက်စီဂျင်တွေ အရေးပေါ်လိုအပ်နေတာပါ။

“အောက်စီဂျင်က ဒီနေ့မနက်ကစပြီး ပြတ်သွားတာ၊ အခု ကျွန်တော်တို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ဆေးရုံတာဝန်သူတွေကလည်း လိုက်ရှာနေတယ်၊ အခုထိတော့ မရသေးဘူး” လို့ ပေါင်မြို့နယ် လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ပေါင်မြို့နယ်မှာတော့ ဒီကနေ့ ဇူလိုင် ၂၁ ရက်နေ့ထိ ကိုဗစ်အတည်ပြုလူနာ ၂၅၀ ကျော် ရှိလာခဲ့တာဖြစ်ပြီး အဲဒီထဲမှာ ၂၀ ကျော် သေဆုံးထားပါတယ်။

သေဆုံးသွားတဲ့ ကိုဗစ်လူနာအများစုဟာ အောက်စီဂျင်ကျပြီး သေဆုံးနေတာဖြစ်တယ်လို့ ဆိုပါတယ်။

ပေါင်မြို့နယ်မှာတော့ ကိုဗစ်အတည်ပြုလူနာတွေအတွက် Isolation Ward ၃ ခု ဖွင့်လှစ်ပြီး စောင့်ကြည့်ကုသပေးနေတာဖြစ်ပါတယ်။

August 6, 2026
မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ...
ပုံဟောင်း (Crd)
August 5, 2026
မွန်ပြည်၊ သထုံခရိုင်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဒေသခံပြည်သူများကို ဒေသန္တရအမိန့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 4, 2026
မွန်ပြည်တွင် စစ်တပ်က ကျားဖြန့်လုပ်ငန်းများမှ သိမ်းဆည်းထားသည့် လူအသုံးအဆောင် ပစ္စည်းများကို...
August 3, 2026
စစ်အုပ်စု အနေဖြင့် နိုင်ငံတော်သစ်တည်ဆောက်ရေးကို အရှိန်ရအောင် နှစ်နှစ် အချိန်ယူမည်ဖြစ်ပြီး...