မော်လမြိုင်သုသာန်မှာ တစ်ရက်ကို COVID လူနာ ၄၀ ကျော် မီးသင်္ဂြိုဟ်ပေးနေရ

မော်လမြိုင်သုသာန်မှာ တစ်ရက်ကို COVID လူနာ ၄၀ ကျော် မီးသင်္ဂြိုဟ်ပေးနေရ

မော်လမြိုင် ပိန္နဲကုန်းသုသာန် တစ်ခုတည်းမှာပဲ တစ်ရက်ကို COVID အတည်ပြုလူနာ ၄၀ ကျော် မီးသင်္ဂြိုဟ်ပေးနေရတယ်လို့ သုသာန်တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မီးသင်္ဂြိုဟ်ပေးမှုအရ ဇူလိုင် ၁၉ ရက်နေ့မှာ ကိုဗစ်အတည်ပြုလူနာ ၄၂ ဦး၊ ဇူလိုင် ၂၀ ရက်နေ့မှာ ၄၁ ဦး၊ စုစုပေါင်း ၂ ရက်အတွင်း ကိုဗစ်အတည်ပြုလူနာ ၈၃ ဦး မီးသင်္ဂြိုဟ်ပေးရပါတယ်။

ထူးခြားမှုအနေနဲ့ ဒီကနေ့ ဇူလိုင် ၂၀ ရက်နေ့မှာတော့ အသက် ၂ နှစ်အရွယ် ကိုဗစ်အတည်ပြုလူနာ ကလေးငယ်တစ်ဦး ပါဝင်လာတယ်လို့ ဆိုပါတယ်။

“ကိုဗစ်လူနာတွေကတော့ နေ့စဉ်ရက်ဆက်ပဲ၊ အခုနောက်ပိုင်းမှာ တစ်နေ့ထက်တစ်နေ့ လူနာတွေ ပိုပြီး မီးသင်္ဂြိုဟ်ပေးနေရတယ်၊ တခါမှ အဲလာက်မများဘူး” လို့ သုသာန်တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မော်လမြိုင်သုသာန်မှာတော့ ပြီးခဲ့တဲ့ကာလတွေတုန်းက တစ်ရက်ကို COVID အတည်ပြုလူနာ ၃ ဦးလောက်သာ မီးသင်္ဂြိုင်ပေးခဲရပြီး အခုနောက်ပိုင်းမှာတော့ တစ်ရက်ကို ၄၀ ကျော် မီးသင်္ဂြိုဟ်ပေးနေရပါတယ်။

မွန်ပြည်နယ်အတွင်းမှာတော့ ဇူလိုင် ၂၀ ရက်နေ့ထိ ကိုဗစ်အတည်ပြုလူနာ သေဆုံးသူ ၃၀၀ နီးပါးထိ ရှိလာခဲ့ပါတယ်။

June 15, 2026
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်အထိ ၅ နှစ်တာအတွင်း စစ်တပ်က ပြည်သူတွေနဲ့...
June 13, 2026
အတွဲလိုက် ဆောင်းဘောက်တွေ ဖွင့်လှစ်ပြီး ဆူညံသံတွေကြောင့် နိုင်ငံသားများရဲ့ ကျန်းမာရေး...
June 12, 2026
မွန်ပြည်နယ် စည်ပင်သာယာရေး ကော်မတီ ဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီး စစ်အစိုးရခန့် ပြည်နယ်...
June 11, 2026
အတွဲလိုက် ဆောင်းဘောက်တွေ ဖွင့်လှစ်ပြီး ဆူညံသံတွေကြောင့် နိုင်ငံသားများရဲ့ ကျန်းမာရေး...