မော်လမြိုင် ပိန္နဲကုန်းသုသာန် တစ်ခုတည်းမှာပဲ တစ်ရက်ကို COVID အတည်ပြုလူနာ ၄၀ ကျော် မီးသင်္ဂြိုဟ်ပေးနေရတယ်လို့ သုသာန်တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မီးသင်္ဂြိုဟ်ပေးမှုအရ ဇူလိုင် ၁၉ ရက်နေ့မှာ ကိုဗစ်အတည်ပြုလူနာ ၄၂ ဦး၊ ဇူလိုင် ၂၀ ရက်နေ့မှာ ၄၁ ဦး၊ စုစုပေါင်း ၂ ရက်အတွင်း ကိုဗစ်အတည်ပြုလူနာ ၈၃ ဦး မီးသင်္ဂြိုဟ်ပေးရပါတယ်။
ထူးခြားမှုအနေနဲ့ ဒီကနေ့ ဇူလိုင် ၂၀ ရက်နေ့မှာတော့ အသက် ၂ နှစ်အရွယ် ကိုဗစ်အတည်ပြုလူနာ ကလေးငယ်တစ်ဦး ပါဝင်လာတယ်လို့ ဆိုပါတယ်။
“ကိုဗစ်လူနာတွေကတော့ နေ့စဉ်ရက်ဆက်ပဲ၊ အခုနောက်ပိုင်းမှာ တစ်နေ့ထက်တစ်နေ့ လူနာတွေ ပိုပြီး မီးသင်္ဂြိုဟ်ပေးနေရတယ်၊ တခါမှ အဲလာက်မများဘူး” လို့ သုသာန်တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
မော်လမြိုင်သုသာန်မှာတော့ ပြီးခဲ့တဲ့ကာလတွေတုန်းက တစ်ရက်ကို COVID အတည်ပြုလူနာ ၃ ဦးလောက်သာ မီးသင်္ဂြိုင်ပေးခဲရပြီး အခုနောက်ပိုင်းမှာတော့ တစ်ရက်ကို ၄၀ ကျော် မီးသင်္ဂြိုဟ်ပေးနေရပါတယ်။
မွန်ပြည်နယ်အတွင်းမှာတော့ ဇူလိုင် ၂၀ ရက်နေ့ထိ ကိုဗစ်အတည်ပြုလူနာ သေဆုံးသူ ၃၀၀ နီးပါးထိ ရှိလာခဲ့ပါတယ်။







