အရှေ့ဒဂုံမြို့နယ် လမ်းဘေးတွင် အလောင်းစွန့်ပစ်မှုဖြစ်ပွား

အရှေ့ဒဂုံမြို့နယ် လမ်းဘေးတွင် အလောင်းစွန့်ပစ်မှုဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး အရှေ့ဒဂုံမြို့နယ်ထဲမှာ ကိုဗစ်-၁၉ ရောဂါကြောင့် သေတယ်လို့ယူဆရတဲ့ အလောင်းတစ်ခုကို လမ်းဘေးတွင် စွန့်ပစ်မှု မနေ့ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံလူမှုကူညီရေးလုပ်ကိုင်သူများက ပြောသည်။

ဇူလိုင် ၂၀ ရက်နေ့ညပိုင်းက အရှေ့ဒဂုံမြို့နယ် အမှတ် (၂) လမ်းမကြီးပေါ်က သူနာပြုသင်တန်းကျောင်းအနီးတွင် ပလပ်စတစ်နှင့်ထုပ်ပိုးထားသော အမျိုးသမီးရုပ်အလောင်းကို စွန့်ပစ်ခဲ့ကြခြင်းဖြစ်သည်ဟု ဆိုသည်။

မည်သည့်အတွက်သေဆုံးသည်ကို မသိရနိုင်ဘဲ ကိုဗစ်-၁၉ ကြောင့် သေဆုံးခြင်းဖြစ်မည်ဟု အများက ခန့်မှန်းထားကြသည်။

အဆိုပါရုပ်အလောင်းကို စံပြဆေးရုံကြီးကို ပို့ဆောင်ခဲ့သည်ဟု သိရသည်။

မြို့နယ်အလိုက် ကျန်းမာရေးဌာနက သင်္ချိုင်းလက်မှတ်ထုတ်ရခက်ခဲတာ၊ ည ၆ နာရီနောက်ပိုင်း သုသာန်က လက်မခံခြင်းတို့၏ နောက်ဆက်တွဲဖြစ်နိုင်သည်ဟု လူမှုကယ်ဆယ်ရေးလုပ်ကိုင်သူတစ်ဦးက ပြောသည်။

ဒယ်တာမျိုးကွဲ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် မြန်မာနိုင်ငံမှာ ကူးစက်သူတွေ နေ့စဉ် ထောင်နဲ့ချီနေသလို သေဆုံးသူကလည်း ၂၀၀ ကျော်ထိရှိလာကြောင်း စစ်ကောင်စီလက်အောက်ရှိ ကျန်းမာရေးဌာနက ထုတ်ပြန်သည်။

သို့သော် မြေပြင်မှာကူညီပေးနေသော ပရဟိတလူမှုကူညီရေးအသင်းများကတော့ ဇူလိုင် ၂၀ ရက် တစ်ရက်တည်းမှာတင် ရန်ကုန်မြို့မှာ လူ ၁၂၀၀ ဝန်းကျင်သေဆုံးခဲ့ကြောင်း ခန့်မှန်းပြောဆိုနေကြသည်။

ဓာတ်ပုံ - (မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည့် ကျေးရွာတစ်ရွာကို တွေ့ရစဉ် / Crd)
August 29, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များ တည်ရှိရာ ဒေသများသို့ ဦးတည်...
ဓာတ်ပုံ - (မန်ကတ်မြို့ သင်တန်းကျောင်း၌ စစ်မှုထမ်းရန် စုဆောင်းခံထားရသူများကို တွေ့ရစဉ် / MOI)
August 28, 2026
ရန်ကုန်နှင့် မန္တလေး မြို့ကြီးများတွင် စစ်မှုထမ်းရန် တပ်သားစုဆောင်းရေးအတွက်...
August 28, 2026
မန္တလေး အိုးဘိုအကျဉ်းထောင်အတွင်း ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများအပေါ် အောက်ခြေ ထောင်ဝန်...
August 27, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်အုပ်စုတပ် စစ်ကြောင်းသည်...