မုဒုံ နှီးပဒေါကားလမ်း ရေကျော်၊ ကားအစီး ၁၀၀ ကျော် ပိတ်မိနေ

မုဒုံ နှီးပဒေါကားလမ်း ရေကျော်၊ ကားအစီး ၁၀၀ ကျော် ပိတ်မိနေ

မွန်ပြည်နယ်၊ မုဒုံမြို့နယ် နှီးပဒေါကျေးရွာအနီးက သံဖြူဇရပ်-မုဒုံ ကားလမ်း ရေကျော်နေပြီး ကားအစီး ၁၀၀ ကျော် ပိတ်မိနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

သံဖြူဇရပ်-မုဒုံ ကားလမ်းဟာ ဇူလိုင် ၂၀ ရက်နေ့ မနက် ၈ နာရီလောက်ကတည်းက ရေကျော်ခဲ့တာဖြစ်ပြီး ညနေ ၅ နာရီအချိန်ထိ ရေကျသွားခြင်းမရှိသေးပါဘူးလို့ ဆိုပါတယ်။

“အခုလောလောဆယ် ကားအစီး ၁၀၀ လောက် ပိတ်မိနေတယ်၊ မိုး ဒီအတိုင်း ဆက်ရွာနေမယ်ဆိုရင် ဖြတ်လို့ရဦးမှာမဟုတ်သေးဘူး” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

လက်ရှိမှာတော့ သံဖြူဇရပ်-မုဒုံကားလမ်း ရေကျော်နေတဲ့အတွက်ကြောင့် ဖြတ်သန်းသွားလာခွင့် မပြုထားပါဘူး။

သံဖြူဇရပ်-မုဒုံကားလမ်းဟာ မွန်ပြည်နယ် မုဒုံ၊ သံဖြူဇရပ်နဲ့ရေးမြို့နယ်တို့အပြင် တနင်္သာရီတိုင်းကို အဓိကသွားလာနေတဲ့ လမ်းမကြီးတစ်ခု ဖြစ်ပြီး နှစ်စဉ် ကားလမ်းရေကျော်မှုကို ကြုံတွေ့နေရပါတယ်။

Most read this week

August 6, 2026
မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ...
ပုံဟောင်း (Crd)
August 5, 2026
မွန်ပြည်၊ သထုံခရိုင်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဒေသခံပြည်သူများကို ဒေသန္တရအမိန့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 4, 2026
မွန်ပြည်တွင် စစ်တပ်က ကျားဖြန့်လုပ်ငန်းများမှ သိမ်းဆည်းထားသည့် လူအသုံးအဆောင် ပစ္စည်းများကို...
August 3, 2026
စစ်အုပ်စု အနေဖြင့် နိုင်ငံတော်သစ်တည်ဆောက်ရေးကို အရှိန်ရအောင် နှစ်နှစ် အချိန်ယူမည်ဖြစ်ပြီး...