မော်လမြိုင်ဈေးကြို ရတနာထွန်းပွဲရုံတန်း နောက် ၅ ရက် ထပ်ပိတ်

မော်လမြိုင်ဈေးကြို ရတနာထွန်းပွဲရုံတန်း နောက် ၅ ရက် ထပ်ပိတ်

မော်လမြိုင်မြို့၊ ဈေးကြို ရတနာထွန်းပွဲရုံတန်းကို ကိုဗစ်ကပ်ရောဂါကြောင့် ဇူလိုင် ၂၀ ရက်နေ့မှ ဇူလိုင် ၂၅ ရက်နေ့ထိ ၅ ရက် ထပ်ပိတ်ထားဦးမယ်လို့ ဈေးကြိုရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသိန်းထိုက်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဈေးကြို ရတနာထွန်းပွဲရုံတန်းကို ဇူလိုင် ၁၂ ရက်မှ ၁၉ ရက်နေ့ထိ တစ်ပတ်အကြာ ပိတ်ထားခဲ့တာဖြစ်ပြီးနောက် နောက်ထပ် ၅ ရက် ထပ်ပိတ်သွားမှာဖြစ်ပါတယ်။

"အဓိကက အဲ့ဒီပွဲရုံတန်းမှာ ကိုဗစ်နဲ့ တစ်ယောက်ပြီးတစ်ယောက် ဆုံးနေလိုပေါ့၊ လက်ရှိမှာ လောလောဆယ် (၄) ယောက်ရှိသွားပြီ ဆုံးတာ၊ ပွင့်ပွင့်လင်းလင်းပြောရရင် အပေါ်မှာ ရောဂါသည်ရှိတယ်၊ အောက်မှာက ဆိုင်ဖွင့်ထားတယ် ရောင်းနေကြတယ်၊ အဲ့ဒီအတိုင်းအတာမှာ ပွဲရုံတွေက စာတင်လာတဲ့အတွက် ပိတ်ရတာပေါ့" လို့ ဦးသိန်းထိုက်က ဆိုပါတယ်။

မော်လမြိုင်ဈေးကြို ရတနာထွန်းပွဲရုံတန်း ဆက်ပိတ်ထားတဲ့အတွက်ကြောင့် ကုန်ဈေးနှုန်းတွေ ကြီးမြင့်လာမှာကို ဒေသခံတွေ စိုးရိမ်နေပါတယ်။

မော်လမြိုင်ဈေးကြို ရတနာထွန်းပွဲရုံတန်းဟာဆိုရင် မွန်ပြည်နယ်အပါအဝင် တခြားတိုင်းနဲ့ပြည်နယ်တွေက ကုန်းပစ္စည်းတွေကို ရောင်းဝယ်ဖောက်ကားနေတဲ့ ပွဲရုံတန်းဖြစ်ပါတယ်။

မွန်ပြည်နယ်မှာတော့ ကိုဗစ်ကပ်ရောဂါကြောင့် ဇူလိုင် ၂၀ ရက်နေ့ထိ ကိုဗစ်အတည်ပြုလူနာ ၄၀၀၀ နီးပါးထိရှိလာပြီး အဲဒီထဲမှာ ၂၀၀ ကျော် သေဆုံးထားပါတယ်။

Most read this week

August 6, 2026
မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ...
ပုံဟောင်း (Crd)
August 5, 2026
မွန်ပြည်၊ သထုံခရိုင်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဒေသခံပြည်သူများကို ဒေသန္တရအမိန့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 4, 2026
မွန်ပြည်တွင် စစ်တပ်က ကျားဖြန့်လုပ်ငန်းများမှ သိမ်းဆည်းထားသည့် လူအသုံးအဆောင် ပစ္စည်းများကို...
August 3, 2026
စစ်အုပ်စု အနေဖြင့် နိုင်ငံတော်သစ်တည်ဆောက်ရေးကို အရှိန်ရအောင် နှစ်နှစ် အချိန်ယူမည်ဖြစ်ပြီး...