ကျေးလက်ဒေသ စစ်ရှောင်များအတွက် ပစ္စည်းလှူဒါန်းရေး UNHCR နှင့် စစ်ကောင်စီတပ် ညှိနှိုင်းမှုအဆင်မပြေ

ကျေးလက်ဒေသ စစ်ရှောင်များအတွက် ပစ္စည်းလှူဒါန်းရေး UNHCR နှင့် စစ်ကောင်စီတပ် ညှိနှိုင်းမှုအဆင်မပြေ

ချင်းပြည်နယ် မင်းတပ်မြို့အတွက် ကမ္ဘာ့ကုလသမဂ္ဂဒုက္ခသည်မဟာမင်းကြီးရုံး (UNHCR) မှ သယ်ဆောင်လာသော စစ်ဘေးရှောင်များအတွက် လှူဒါန်းသောပစ္စည်းများကို ယနေ့မနက်တွင် စစ်ကောင်စီက ခွင့်ပြုထားသော မြို့ပေါ် စစ်ရှောင်စခန်းများအတွက်သာ ခွင့်ပြုမည်ဖြစ်သောကြောင့် ကျေးရွာမြို့နှင့် တောတွင်းစစ်ဘေးရှောင်များအတွက် ထောက်ပံ့မှုမပေးနိုင်ဘဲဖြစ်နေသည်။

"စကစက သူတို့ခွင့်ပြုတဲ့ စစ်ရှောင်စခန်းတွေမှာပဲ ထောက်ပံ့တဲ့ပစ္စည်းတွေကို ပေးခိုင်းတယ်။ စစ်ဘေးရှောင်ပြီး အိမ်ကိုပြန်လာကြတဲ့ မိသားစုတွေ၊ ရွာတွေဖက်ခြမ်းမှာရှိတဲ့ စစ်ရှောင်စခန်းကသူတွေကိုတော့ ထောက်ပံ့တာ ခွင့်မပြုဘူးလို့သိရတယ်" ဟု မင်းတပ်ဒေသခံတစ်ဦးကပြောသည်။

"ဒီတော့ ကျွန်တော့်အထင် မြို့ပေါ်စာရင်းရှိတဲ့ အိမ်ထောင်စုက ၅၀ မကျော်ဘူးလေ။ UNHCR ကလည်း အားလုံးမထားခဲ့ဘူ။ အဲဒီအိမ်ထောင်စုအတွက်ပဲ ပစ္စည်းတွေထားခဲ့ပြီး ကျန်တာတွေကို ပြန်သယ်သွားမယ်လို့ ပြောနေကြတယ်။ ထားခဲ့ရင်လည်း စစ်ဘေးရှောင်တွေရမှာမဟုတ်မှန်း သူတို့သိတယ်ထင်တယ်" ဟု သူကထပ်ပြောသည်။

မြို့ပေါ် စစ်ဘေးရှောင်စခန်းများဖြစ်သည့် ဗဟိုကျောင်းနှင့် မင်းတပ်နှစ်ခြင်းအသင်းတော် (MBC) ဘုရားကျောင်းရှိ စစ်ရှောင်မိသားစု ၅၀ ဝန်းကျင်သာ ရရှိမည်ဟု သိရသည်။

သို့သော် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (FAO) ပါဝင်သည့် ကုလသမဂ္ဂနှင့် မိတ်ဖက်အဖွဲ့အစည်းများက လှူဒါန်းပြီး UNHCR က ဇူလိုင်လ ၁၉ ရက်နေ့က သယ်ဆောင်လာသော ကိုဗစ်-၁၉ ကာကွယ်ရေးအသုံးအဆောင်များ၊ တာပေါ်လင်၊ ခြင်ထောင်၊ စောင်နှင့် မီးဖိုချောင်သုံးပစ္စည်းများမှာ အိမ်ထောင်စု ၁၀၀၀ (လူဦးရေ ၅,၀၀၀) ကို ထောက်ပံ့နိုင်သည်။

မည်သည့်အတွက်ကြောင့် စစ်ကောင်စီတပ်က အခြားစစ်ရှောင်များကို အကူညီပေးရေးပစ္စည်းများ ဝေငှခွင့်မပြုသည်ကို ရှင်းရှင်းလင်းလင်းမသိရသေးပါ။

မင်းတပ်မြို့ပေါ်တွင်ပင် စစ်ကောင်စီက ဖွင့်လှစ်ထားရှိသော စစ်ဘေးရှောင်စခန်း ၉ ခုရှိပြီး၊ ယောနယ်ဘက်ခြမ်းတွင် ၄ ခု၊ ရွာများတွင်လည်း ခိုလှုံမှုများ၊ စခန်းမှ ပြန်သွားသူများလည်းရှိသည်။

မြို့နှင့်အလှမ်းဝေးသော ကျေးလက်နေအိမ်များတွင် အကူညီလိုအပ်နေသူဦးရေ ပိုများသည်။

ဧပြီနှောင်းပိုင်းကတည်းက စတင်ခဲ့သော စစ်အာဏာသိမ်းဆန့်ကျင်သော ချင်းလူထုနှင့်ဖွဲ့စည်းထားသည့် ချင်းပြည်နယ်ကာကွယ်ရေးတပ်ဖွဲ့ (CDF) နှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို တိုက်ပွဲဖြစ်ပွားရာ ဒေသခံ ၁၅,၀၀၀ ကျော် အိုးအိမ်စွန့်ထွက်ပြေးခဲ့ရသည်။

ဓာတ်ပုံ - (မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည့် ကျေးရွာတစ်ရွာကို တွေ့ရစဉ် / Crd)
August 29, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များ တည်ရှိရာ ဒေသများသို့ ဦးတည်...
ဓာတ်ပုံ - (မန်ကတ်မြို့ သင်တန်းကျောင်း၌ စစ်မှုထမ်းရန် စုဆောင်းခံထားရသူများကို တွေ့ရစဉ် / MOI)
August 28, 2026
ရန်ကုန်နှင့် မန္တလေး မြို့ကြီးများတွင် စစ်မှုထမ်းရန် တပ်သားစုဆောင်းရေးအတွက်...
August 28, 2026
မန္တလေး အိုးဘိုအကျဉ်းထောင်အတွင်း ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများအပေါ် အောက်ခြေ ထောင်ဝန်...
August 27, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်အုပ်စုတပ် စစ်ကြောင်းသည်...