ပလက်၀မြို့နယ် သံထောင်ရွာတွင် မြန်မာစစ်တပ်မှ ရွာစျေးဆိုင်များ၌ အကြွေးယူပြီး ပြန်မဆပ်ကြဟုသိရ

ပလက်၀မြို့နယ် သံထောင်ရွာတွင် မြန်မာစစ်တပ်မှ ရွာစျေးဆိုင်များ၌ အကြွေးယူပြီး ပြန်မဆပ်ကြဟုသိရ

ချင်းပြည်နယ် ပလက်ဝမြို့နယ် သံထောင်ကျေးရွာတွင် စစ်ဆင်ရေးရောက်လာသည့် မြန်မာစစ်တပ်က ရွာစျေးဆိုင်မှ ပစ္စည်းများအား အကြွေးယူကာ ပြန်မဆပ်ကြဟု ဒေသံများထံက သိရသည်။

"ရွာကိုစစ်ဆင်ရေးရောက်လာတဲ့ တပ်မ (၅၅) လက်အောက်ခံ ခ.လ.ရ (၃) တပ်ရင်းက ရွာစျေးဆိုင်တွေမှာ အကြွေးယူပြီး ပြန်မဆပ်တာတွေ ရှိတယ်။ အရင်ကတော့ လကုန်လို့ လစာရောက်ရင် တချို့က အကြွေးပြန်လာဆပ်တယ်။ အခုက အကြွေးမဆပ်ကြဘူး။ ဒါကို အရာရှိတွေကိုတိုင်ရင်လည်း ဆောင်ရွက်ပေးမယ်ပြောတယ်။ ဒါပေမယ့် မထူးလို့ ခဏခဏသွားတိုင်ရင် ကိုယ့်အပြစ်လိုဖြစ်လာတယ်" ဟု ကျေးရွာဒေသခံတစ်ဦးက ပြောသည်။

သံထောင်ကျေးရွာမှ စခန်းမှုးနှင့် အုပ်ချုပ်ရေးမှုး အဖမ်းဆီးခံရပြီးကတည်းမှ တပ်မ (၅၅) ရောက်ရှိလာကာ အပစ်ခတ်ရပ်စဲပြီးနောက်ပိုင်းတွင် နောက်ထပ်တပ်ရင်းရောက်ရှိလာပြီး တပ်စွဲထားတာဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

လက်ရှိ သံထောင်ကျေးရွာတွင် ရဲစခန်းမှလည်း တာဝန်ယူဆောင်ရွက်ပေးမှုအပိုင်းလည်း မရှိတော့ကြောင်း ဒေသခံများက ဆိုသည်။

"နိုင်ငံရေးမကောင်းတဲ့နောက်ပိုင်းကနေ စမယ်ထင်တယ်။ ရွာမှာ ခိုက်ရန်ဖြစ်လို့ဖြစ်ဖြစ်၊ သူခိုးဖြစ်ဖြစ် ပြစ်မှုရှိတဲ့သူတွေကို ရဲစခန်းက အရေးယူ ဆောင်ရွက်ပေးတာတွေလည်း မရှိတော့ဘူး၊ တိုင်ရင်လည်း ကိုယ်ကဘဲ အပြစ်ရှိသလိုဖြစ်တဲ့အခြေနေ ဖြစ်ကုန်တယ်" ဟု ပြောသည်။

ပလက်ဝမြို့နယ် သံထောင်ကျေးရွာမှာ အိမ်ခြေအားဖြင့် ၃၀၀ ကျော်ဝန်းကျင်ခန့်ရှိသည့် ရွာဖြစ်သည်။

August 5, 2026
ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး...
August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...