လေးကေကော်မြို့သစ် အနီးအနားရွာများမှ ကိုဗစ်-၁၉ ရောဂါ ကူးစက်လူနာများလာ

လေးကေကော်မြို့သစ် အနီးအနားရွာများမှ ကိုဗစ်-၁၉ ရောဂါ ကူးစက်လူနာများလာ

မြဝတီမြို့တောင်ဘက်ရှိ လေးကေကော်မြို့သစ်နှင့် အနီးအနားရွာများမှဒေသခံများ ကိုဗစ်တတိယလှိုင်း ကူးစက်ခံရသူ၊ ကိုဗစ်ရောဂါလက္ခဏာဖြစ်သည့် အနံ့ပျောက်သူများရှိနေသည့်လူနာများ တိုးပွားလာနေကြောင်း သိရသည်။

လေးကေကော်မြို့သစ် အနီးအနားရှိ ဖလူးကျေးရွာ၊ မယ်ထော်သလေးကျေးရွာ၊ မင်းလက်ပံကျေးရွာများဘက်မှ အနံ့ပျောက်လူနာများ၊ အဖျားရှိ ချောင်းဆိုးလူနာများအား အရပ်ဖက် ကျန်းမာရေးစောင့်ရှောက်သူများမှ လှည့်လည်ခေါ်ဆောင်ကာ လေးကေကော် ကိုဗစ်ကူးစက်ရောဂါ စောင့်ကြည့်ထိန်းချုပ်ရေးစခန်းသို့ ခေါ်ဆောင်လာပြီး နှာခေါင်း၊ အာခေါင်တို့ဖတ် စစ်ဆေးခြင်းပြုလုပ်၍ (Quarantine) ကွာရန်တင်း ၁၄ ရက်ကြည့်ရှုစောင့်ရှောက်မှုများ ပြုလုပ်ပေးနေရသည်ဟု သိရသည်။

ယခုလို စစ်ဆေးမှုများဆောင်ရွက်ရာတွင် သံသယလူနာ ၁၂၃ ဦးထဲမှ ၅၈ ဦးမှာ ကိုဗစ်ပိုးကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့သည်ဟု လေးကေကော် ကိုဗစ်-၁၉ ကူးစက်ရောဂါထိန်းချုပ်ရေးစင်တာမှ ကျန်းမာရေးတာဝန်ခံက ပြောသည်။

“အခုလောလောဆယ် ကိုဗစ်စဖြစ်ပြီးဆိုတော့ ကိုဗစ်လက္ခဏာပေါ်တဲ့သူတွေကို အုပ်ချုပ်ရေးမှူးတွေ ဦးဆောင်ပြီးတော့ ဆေးစစ်ပေးတယ်။ Positive အဖြေထွက်ရင်တော့ ကျမတို့ ဒီမှာပဲ ပြုစုစောင့်ရှောက်မှုတွေ၊ ဆေးကုသမှုတွေအားလုံးကို လုပ်ပေးပါတယ်ရှင့်” ဟု ကိုဗစ်-၁၉ ကူးစက်ရောဂါ ထိန်းချုပ်ရေးစင်တာမှ ကျန်းမာရေးတာဝန်ခံက ပြောသည်။

ဒေသတွင်း ပိုးတွေ့ကူးစက်လူနာ တိုးပွားလာမှုအပေါ် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် (Quarantine) ကွာရန်တင်းအဆောင်များအား ဒေသအခြေစိုက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မှ ရဲဘော်စစ်သည်များဖြင့် လေးကေကော်မြို့သစ်ကျောင်းဝင်းအတွင်းတွင် အဆောင်သစ်များဆောက်လုပ်ပြင်ဆင်နေကြောင်း သိရသည်။

May 13, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းဟောင်းလမ်းပိုင်းနှင့် အောက်ဘိုတဲဒေသတဝိုက်တွင်...
May 12, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးနှင့် ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာတချို့တို့တွင် ယခုနှစ်နွေရာသီ...
May 11, 2026
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA နယ်မြေအတွင်းရှိ ဒေသခံလူထုများ ကြုံတွေ့နေရသည့်...
May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...