Published
Monday, July 19, 2021
NUG အစိုးရကိုအသိအမှတ်ပြုရန် ဂျပန်ရောက်မြန်မာပြည်သူများ ထုတ်ဖော်ဆန္ဒပြ
ခေတ်အဆက်ဆက် မြန်မာပြည်၏ လွတ်လပ်ရေးနှင့် ဒီမိုကရေစီအရေးတိုက်ပွဲအတွင်း ကျဆုံးသွားသော အာဇာနည်များအား အောက်မေ့ဖွယ် နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် ကမ္ဘာလုံးဆိုင်ရာ အာဇာနည်နေ့သပိတ်ကို ဂျပန်နိုင်ငံရောက် မြန်မာပြည်သူများမှ ဒီကနေ့တွင် တိုကျိုမြို့၌ ပြုလုပ်ခဲ့ကြပါသည်။
ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို အာဆီယံနိုင်ငံများနှင့်တကွ နိုင်ငံတကာမှ အသိအမှတ်ပြုထောက်ခံကြရန် ဆန္ဒပြတောင်းဆိုခဲ့ကြသည်ဟု သိရှိရပါတယ်။
ကမ္ဘာလုံးဆိုင်ရာ အာဇာနည်နေ့သပိတ်အား Global Myanmar Spring Revolution (GMSR) များမှဦးဆောင်ပြီး နိုင်ငံအသီးသီးတွင် တစ်ပြိုင်နက် သပိတ်မှောက်ခဲ့ကြသည်ဟု သိရှိရပါသည်။







