စစ်အာဏာရှင်စနစ်ကို မြေတောင်မြောက်ပေးနေသည့် တရုတ်ကို ရှမ်းနီလူငယ်များ ဆန္ဒထုတ်ဖော်

စစ်အာဏာရှင်စနစ်ကို မြေတောင်မြောက်ပေးနေသည့် တရုတ်ကို ရှမ်းနီလူငယ်များ ဆန္ဒထုတ်ဖော်

ရှမ်းနီလူငယ်များနှင့် မန္တေလးတပ်ပေါင်းစု သပိတ်စစ်ကြောင်းက စစ်အာဏာရှင်စနစ်ကို မြေတောင်မြောက်ပေးနေသည့် တရုတ်ကို ယမန်နေ့ ဇူလိုင်လ ၁၈ ရက်နေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

"ရှမ်းနီဒေသမှာ အရင်တည်းက အာဏာရှင်တွေရဲ့ဖိနိပ်မှုကို ရှမ်းနီတိုင်းသားတွေ နှစ်ပေါင်းများစွာ ခံစားခဲ့ရတာ၊ အာဏာရှင်စနစ်ကို မြေတောင်မြောက် ထောက်ပံ့နေတာဟာလည်း China ဖြစ်တယ်၊ အဲ့သလို ဝေဒနာတွေအားလုံးကို သူတို့ တာဝန်ယူမှုမရှိဘူး၊ ပြီးတော့ အခု Covid ကို ကမ္ဘာကိုရော မြန်မာမှာပါ ဖြန့်နေတာလည်း တရုတ်ပဲ" ဟု ပါဝင်သည့် ရှမ်းနီလူငယ်တစ်ဦးက ပြောသည်။

ချီတက်ဆန္ဒထုတ်ဖော်မှုအပြင် တရုတ်နိုင်ငံအလံကိုလည်း မီးရှို့ခဲ့ကြသည်။

စစ်အာဏာသိမ်းမှုကို ဆန္ဒထုတ်ဖော်သည့်သူများကို ပစ်ခတ်ဖြိုခွင်းရာ ရှမ်းနီတိုင်းရင်းသားတချို့ သေဆုံးမှုရှိခဲ့ပြီး ဖမ်းဆီးခံရသူများစွာနှင့် ဖမ်းဝရမ်းထုတ်ခံထားရသူများလည်းရှိသည်။

တရုတ်နိုင်ငံမှ စတင်ခဲ့သည့် Covid-19 ရောဂါသည် မြန်မာနိုင်ငံတွင် တတိယလှိုင်းသို့ ရောက်ရှိလာခဲ့ပြီး ပြည်မတွင်သာမက ရှမ်းနီဒေသမြို့များတွင်လည်း ထိန်းချုပ်နိုင်ရန် ကြိုးစားနေကြရဆဲဖြစ်သည်။

July 4, 2026
ပြည်တွင်း၌ ဓာတ်ဆီနှင့် ဒီဇယ်တစ်လီတာလျှင် ကျပ် ၃,၀၀၀ ကျော်အထိ ဈေးနှုန်းများ ကျဆင်းနေသော်လည်း...
၂၀၂၅ ခုနှစ်က ဧရာဝတီမြစ်ကိုဆန်တက်တဲ့ စက်လှေများကို MDY PDF တပ်က တိုက်ခိုက်စဉ်/ Credit
July 2, 2026
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်နဲ့ မြစ်ကမ်းဘေး ၅ မိုင်အတွင်း နေထိုင်တဲ့ စစ်ကိုင်းတိုင်း၊...
July 1, 2026
ဖားကန့်မြို့နယ်၊ဆိပ်မူကျေးရွာအုပ်စု ၊ နမ့်မှော်မှော်ကျေးရွာရှိ မြေစာပုံပြိုကျမှုထဲ...
June 30, 2026
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် တပ်ရင်း(၆)က တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်(ခေါ်)ကိုပီတာဟာ...