ဗန်းမောက်မြို့နယ် ပင်ပုံ၊ သရက်ကုန်းကျေးရွာအတွင်း ပစ်ခတ်မှုဖြစ်ပွားပြီး ဒု-ရဲမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်း (၄) ဦး အမည်မသိအဖွဲ့ဖမ်းဆီးခြင်းခံရကာ ရွာခံမိန်းကလေးတစ်ဦးလည်း ထိခိုက်ဒဏ်ရာရ

ဗန်းမောက်မြို့နယ် ပင်ပုံ၊ သရက်ကုန်းကျေးရွာအတွင်း ပစ်ခတ်မှုဖြစ်ပွားပြီး ဒု-ရဲမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်း (၄) ဦး အမည်မသိအဖွဲ့ဖမ်းဆီးခြင်းခံရကာ ရွာခံမိန်းကလေးတစ်ဦးလည်း ထိခိုက်ဒဏ်ရာရ

ဗန်းမောက်မြို့နယ် ပင်ပုံသရက်ကုန်းကျေးရွာတွင် ယမန်နေ့ ဇူလိုင်လ ၁၈ ရက်နေ့ ည (၇) နာရီခွဲအချိန်က လက်လုပ်ဗုံးပစ်ခတ်မှုကြောင့် နေအိမ်အတွင်းရှိ အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

“ဒီကနေ့မနက် ကျွန်တော်တို့သွားကြည့်တာကတော့ သူတို့ လက်လုက်ဗုံးပစ်တာ။ ကလေးမလေးတစ်ယောက်ကိုထိသွားတယ်။ အခု ဗန်းမောက်ဆေးရုံကိုရောက်နေတယ်။ သူက ထိတာကတော့ လက်လုပ်ဗုံးကနေပြီးတော့မှ ထိတာလား ကွဲပြီးမှ ကျောက်စမှန်တာလည်းဆိုတာတော့ မသိဘူး။ ထိတာကတော့ မေးရိုးအောက်နဲ့ လည်ပင်းမှာထိတာ။ အိမ်ထဲမှာနေပြီးတော့ ဟန်းဆက် (ဖုန်း) ကြည့်နေတာ။ ကားက သူတို့အိမ်ရှေ့မှာမိတာ။ ကားစီးခဲ့တဲ့အဖွဲ့တွေကလည်း သူတို့အိမ်ထဲပြေး၀င်လာတာ” ဟု  ဒေသခံတစ်ဦးက ရှမ်းနီအသံပြောသည်။

မြို့နယ်ထွေအုပ်၊ ရဲ နှင့် သစ်တောဝန်ထမ်းများစီးနင်းလာသည့်ကား ဘီးပေါက်၍ သရက်ကုန်းကျေးရွာတွင် ခတ္တနားစဉ် နောက်မှ ဆိုင်ကယ်ဖြင့် လိုက်လာသည့် အမည်မသိအဖွဲ့တစ်ခုက လက်လုပ်ဗုံးဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံများကဆိုသည်။

ရဲသတင်းထုတ်ပြန်မှုအရ ဒု-ထွေအုပ်၊ ဒု-ရဲမှူး ဦးသန်းစိုးနှင့် ကားပေါ်ပါလာသည့် ဝန်ထမ်းတချို့လည်း ဖမ်းဆီးခံရသည်ဟု ဆိုသည်။

“ဖြစ်တာကတော့ မံအင်မင်းကုန်း အထဲရိုးကတည်းကရင်းဖြစ်လာကြတာ။ ဘာပြဿနာတွေဖြစ်လာကြသလဲဆိုတာကတော့ ကိုယ်လည်းမသိဘူး။ ပြန်ခဲ့တာတော့မြင်လိုက်တယ်။ ကားဘီးလည်းပေါက်တဲ့အခါကျတော့ သရက်ကုန်းမှာမိတာ” ဟု ရပ်မိရပ်ဖတစ်ဦးက ဆိုသည်။

ဇူလိုင်လ (၁၈) ရက် နေ့နံနက်ပိုင်းက မြို့နယ်ထွေအုပ်၊ ရဲ၊ သတ္တု၊ သစ်တောဝန်ထမ်းများ စုစုပေါင်း (၈) ဦးက ကားနှစ်စီးဖြင့် နားနန့်ထွန်အုပ်စုအတွင်းရှိ သက်တမ်းကုန်လုပ်ကွက်များ ပိတ်သိမ်းမှုအစီအစဉ်အရ သွားရောက်ခဲ့ပြီး အပြန် ညနေ (၆) နာရီအချိန်တွင် မံလောင်ပေပင်ကျေးရွာအနီး၌ အမည်မသိအဖွဲ့က ဆိုင်ကယ်ဖြင့် နောက်မှ လိုက်လံပစ်ခတ်ခဲ့ပြီး ဝန်ထမ်းတစ်ဦး ဘယ်ဘက်ရင်အုံထိမှန်ခဲ့သည်။

July 4, 2026
ပြည်တွင်း၌ ဓာတ်ဆီနှင့် ဒီဇယ်တစ်လီတာလျှင် ကျပ် ၃,၀၀၀ ကျော်အထိ ဈေးနှုန်းများ ကျဆင်းနေသော်လည်း...
၂၀၂၅ ခုနှစ်က ဧရာဝတီမြစ်ကိုဆန်တက်တဲ့ စက်လှေများကို MDY PDF တပ်က တိုက်ခိုက်စဉ်/ Credit
July 2, 2026
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်နဲ့ မြစ်ကမ်းဘေး ၅ မိုင်အတွင်း နေထိုင်တဲ့ စစ်ကိုင်းတိုင်း၊...
July 1, 2026
ဖားကန့်မြို့နယ်၊ဆိပ်မူကျေးရွာအုပ်စု ၊ နမ့်မှော်မှော်ကျေးရွာရှိ မြေစာပုံပြိုကျမှုထဲ...
June 30, 2026
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် တပ်ရင်း(၆)က တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်(ခေါ်)ကိုပီတာဟာ...