ဗန်းမောက်မြို့နယ် ပင်ပုံ၊ သရက်ကုန်းကျေးရွာအတွင်း ပစ်ခတ်မှုဖြစ်ပွားပြီး ဒု-ရဲမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်း (၄) ဦး အမည်မသိအဖွဲ့ဖမ်းဆီးခြင်းခံရကာ ရွာခံမိန်းကလေးတစ်ဦးလည်း ထိခိုက်ဒဏ်ရာရ

ဗန်းမောက်မြို့နယ် ပင်ပုံ၊ သရက်ကုန်းကျေးရွာအတွင်း ပစ်ခတ်မှုဖြစ်ပွားပြီး ဒု-ရဲမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်း (၄) ဦး အမည်မသိအဖွဲ့ဖမ်းဆီးခြင်းခံရကာ ရွာခံမိန်းကလေးတစ်ဦးလည်း ထိခိုက်ဒဏ်ရာရ

ဗန်းမောက်မြို့နယ် ပင်ပုံသရက်ကုန်းကျေးရွာတွင် ယမန်နေ့ ဇူလိုင်လ ၁၈ ရက်နေ့ ည (၇) နာရီခွဲအချိန်က လက်လုပ်ဗုံးပစ်ခတ်မှုကြောင့် နေအိမ်အတွင်းရှိ အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

“ဒီကနေ့မနက် ကျွန်တော်တို့သွားကြည့်တာကတော့ သူတို့ လက်လုက်ဗုံးပစ်တာ။ ကလေးမလေးတစ်ယောက်ကိုထိသွားတယ်။ အခု ဗန်းမောက်ဆေးရုံကိုရောက်နေတယ်။ သူက ထိတာကတော့ လက်လုပ်ဗုံးကနေပြီးတော့မှ ထိတာလား ကွဲပြီးမှ ကျောက်စမှန်တာလည်းဆိုတာတော့ မသိဘူး။ ထိတာကတော့ မေးရိုးအောက်နဲ့ လည်ပင်းမှာထိတာ။ အိမ်ထဲမှာနေပြီးတော့ ဟန်းဆက် (ဖုန်း) ကြည့်နေတာ။ ကားက သူတို့အိမ်ရှေ့မှာမိတာ။ ကားစီးခဲ့တဲ့အဖွဲ့တွေကလည်း သူတို့အိမ်ထဲပြေး၀င်လာတာ” ဟု  ဒေသခံတစ်ဦးက ရှမ်းနီအသံပြောသည်။

မြို့နယ်ထွေအုပ်၊ ရဲ နှင့် သစ်တောဝန်ထမ်းများစီးနင်းလာသည့်ကား ဘီးပေါက်၍ သရက်ကုန်းကျေးရွာတွင် ခတ္တနားစဉ် နောက်မှ ဆိုင်ကယ်ဖြင့် လိုက်လာသည့် အမည်မသိအဖွဲ့တစ်ခုက လက်လုပ်ဗုံးဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံများကဆိုသည်။

ရဲသတင်းထုတ်ပြန်မှုအရ ဒု-ထွေအုပ်၊ ဒု-ရဲမှူး ဦးသန်းစိုးနှင့် ကားပေါ်ပါလာသည့် ဝန်ထမ်းတချို့လည်း ဖမ်းဆီးခံရသည်ဟု ဆိုသည်။

“ဖြစ်တာကတော့ မံအင်မင်းကုန်း အထဲရိုးကတည်းကရင်းဖြစ်လာကြတာ။ ဘာပြဿနာတွေဖြစ်လာကြသလဲဆိုတာကတော့ ကိုယ်လည်းမသိဘူး။ ပြန်ခဲ့တာတော့မြင်လိုက်တယ်။ ကားဘီးလည်းပေါက်တဲ့အခါကျတော့ သရက်ကုန်းမှာမိတာ” ဟု ရပ်မိရပ်ဖတစ်ဦးက ဆိုသည်။

ဇူလိုင်လ (၁၈) ရက် နေ့နံနက်ပိုင်းက မြို့နယ်ထွေအုပ်၊ ရဲ၊ သတ္တု၊ သစ်တောဝန်ထမ်းများ စုစုပေါင်း (၈) ဦးက ကားနှစ်စီးဖြင့် နားနန့်ထွန်အုပ်စုအတွင်းရှိ သက်တမ်းကုန်လုပ်ကွက်များ ပိတ်သိမ်းမှုအစီအစဉ်အရ သွားရောက်ခဲ့ပြီး အပြန် ညနေ (၆) နာရီအချိန်တွင် မံလောင်ပေပင်ကျေးရွာအနီး၌ အမည်မသိအဖွဲ့က ဆိုင်ကယ်ဖြင့် နောက်မှ လိုက်လံပစ်ခတ်ခဲ့ပြီး ဝန်ထမ်းတစ်ဦး ဘယ်ဘက်ရင်အုံထိမှန်ခဲ့သည်။

Photo credit - CJ
December 3, 2025
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့မှာ  မြို့သိမ်းတိုက်ပွဲတွေကြောင့် ထွက်ပြေး...
December 1, 2025
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်းမှာ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်...
November 19, 2025
မိုးညှင်းမြို့နယ် နမ္မားမြို့ ရဲစခန်းကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့ မနက် အစောပိုင်းမှာ...
Photo credit - CJ
November 18, 2025
ဗန်းမောက်မြို့နယ်အတွင်းမှာ စက်သုံးဆီတစ်ပေပါ ကျပ်သိန်း (၃၀) ကျော်အထိစျေးနှုန်းမြင့် တက်နေတယ်လို့...