ပဲခူးတိုင်းအတွင်း နေ့ခင်း၁၂နာရီကျော်လျင် အပြင်မထွက်ရအမိန့်ကြေညာ

ပဲခူးတိုင်းအတွင်း နေ့ခင်း၁၂နာရီကျော်လျင် အပြင်မထွက်ရအမိန့်ကြေညာ

ပဲခူးတိုင်းဒေသကြီးမှ ပဲခူး၊ တောင်ငူ၊ ပြည်၊ ပေါက်ခေါင်း၊ ဥသျှစ်ပင်နှင့် ပေါင်းတည်မြို့များတွင် စစ်ကောင်စီတပ်များမှ ယမန်နေ့ ဇူလိုင်လ ၁၈ ရက်နေ့တွင် ပြည်သူများ နေ့ခင်း ၁၂ နာရီကျော်လျှင် အပြင်ထွက်ခွင့်မရှိကြောင်း လိုက်လံကြေညာခဲ့သည်။

အဆိုပါကြေညာချက်တွင် ပြည်သူများ ကျန်းမာရေးနှင့်ပတ်သက်၍သာ အပြင်ထွက်ခွင့်ရှိပြီး ဈေးဆိုင်များလည်း ပိတ်ထားရမည်ဟု ပါရှိသည်။

"ပဲခူးမှာဆို ဈေးတိုင်းကို နံနက် ၆ နာရီက ၉ နာရီအထိပဲ ဖွင့်ရမယ်တဲ့။ အဲတော့ လူတွေက ပိုပြီးဝယ်ကျတော့ လူစုလူဝေးလည်းပိုဖြစ်တယ်။ နေ့ခင်း ၁၂ နာရီကျော်ရင် အပြင်မထွက်ရတော့ဘူး။ နောက်ပြီး အပြင်ဆိုင်တွေလဲ အကုန်ပိတ်ခိုင်းတယ်" ဟု ဥသာမြို့သစ်ရပ်ကွက်မှ မခိုင်ခိုင်စိုးမှပြောသည်။

ကိုဗစ်ရောဂါတားဆီးကာကွယ်ရန်အတွက် ကန့်သတ်ချက်သည် မည်မျှကြာမြင့်မည်ကို ထည့်သွင်းပြောဆိုသွားခြင်းမရှိဟု သိရသည်။

"ပြည်မှာလည်း ၁၂ ကျော်လို့ထွက်ရင် ဒဏ်ငွေဆောင်ရမယ်တဲ့။ ဆိုင်တွေလဲ အကုန်ပိတ်ခိုင်းထားတယ်ဗျ" ဟု နဝင်းရပ်ကွက်သားတစ်ဦးက ပြောသည်။

မဇ္ဈိမက စုံစမ်းသိရှိရသော မြို့နယ်များတွင် ကြေညာချက်ဖြစ်ပြီး အခြားမြို့နယ်များလည်း အလားတူကြေညာနိုင်ပါသည်။

ဓာတ်ပုံ - (မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည့် ကျေးရွာတစ်ရွာကို တွေ့ရစဉ် / Crd)
August 29, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များ တည်ရှိရာ ဒေသများသို့ ဦးတည်...
ဓာတ်ပုံ - (မန်ကတ်မြို့ သင်တန်းကျောင်း၌ စစ်မှုထမ်းရန် စုဆောင်းခံထားရသူများကို တွေ့ရစဉ် / MOI)
August 28, 2026
ရန်ကုန်နှင့် မန္တလေး မြို့ကြီးများတွင် စစ်မှုထမ်းရန် တပ်သားစုဆောင်းရေးအတွက်...
August 28, 2026
မန္တလေး အိုးဘိုအကျဉ်းထောင်အတွင်း ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများအပေါ် အောက်ခြေ ထောင်ဝန်...
August 27, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်အုပ်စုတပ် စစ်ကြောင်းသည်...