မော်လမြိုင်မှာ ဆေးဝါးအချို့ စတင်ပြတ်လပ်

မော်လမြိုင်မှာ ဆေးဝါးအချို့ စတင်ပြတ်လပ်

မော်လမြိုင်မှာ ဇူလိုင် ဒုတိယအပတ်ကစပြီး ဆေးဝါးအချို့ စတင်ပြတ်လပ်နေပြီလို့ ဆေးဝါးဖြန့်ဖြူးရောင်းချနေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကိုဗစ်ကုသရေးမှာသုံးတဲ့ ဆက်စပ်ဆေးဝါးတွေဖြစ်တဲ့ Cetirizine ၊ Afrin ၊ Ceovit အပါအဝင် Envervon – C စတဲ့ ဆေးဝါးအချို့ စတင်ပြတ်လပ်နေတာ ဖြစ်ပါတယ်။

“ကိုဗစ်နဲ့ဆက်စပ်တဲ့ ဆေးပစ္စည်းတွေ မှာသလောက် မလောက်ဘူး၊ ဆေးဆိုင်ဖွင့်ပြီး မကြာဘူး၊ ကုန်တာပဲ” လို့ မော်လမြိုင်က ဆေးဆိုင်နေသူ တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဆေးဝါးပြတ်လပ်မှုနဲ့အတူ ဆေးပစ္စည်း လက်ကျန်နည်းပါးလာတဲ့အတွက်ကြောင့် ဆေးဈေးနှုန်းဟာလည်း အရင်ထက် နှစ်ဆနီးပါး မြင့်တက်လာခဲ့တာပါ။

ဆေးဈေးနှုန်းမှာတော့ အရင်က ကျပ် ၂၀၀၀ သာရှိခဲ့တဲ့ဆေးတွေဟာ အခုဆိုရင် ကျပ် ၄၀၀၀ လောက်နဲ့ ပေးဝယ်နေရပါတယ်။

ဒါအပြင် အားဖြည့်ဓာတ်စာပစ္စည်းတွေလည်း ဈေးနှုန်း ဆက်တိုက်မြင့်တက်နေတာဖြစ်ပါတယ်။

အရင်က Brand’s ငှက်သိုက်ရည် တစ်ဗူး ကျပ် ၂၅၀၀ သာရှိခဲ့ရာမှ အခုဆိုရင် ကျပ် ၄၀၀၀ ကျော်ထိ ပေးဝယ်နေပြီး၊ Ensure အရည် တစ်ဗူး အရင်က ကျပ် ၂၂၀၀ မှ အခု ကျပ် ၃၀၀၀ လောက်ထိ  ပေးဝယ်နေရပါတယ်။

“ဆေးနဲ့ အားဖြည့်ဓာတ်စာတွေက ဝယ်မရဲအောင်ဘဲ၊ သွားဝယ်တိုင်း အမြဲတပ်နေတယ်၊ အဘထ ဗူသေးတစ်ဗူးကိုတောင် ကျပ် ၁၅၀၀ ပေးရတယ်” လို့ မော်လမြိုင်ဒေသခံတစ်ဦးက ဆိုပါတယ်။

လက်ရှိမှာတော့ အာဏာသိမ်းစစ်ကောင်စီက ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်းတွေ နယ်စပ်ကနေ ပိတ်ရက်မရှိ တင်သွင်းနိုင်အောင် လုပ်ဆောင်ပေးထားတယ်လို့ ဆိုထားပါတယ်။

ဒါပေမယ့် အခြေခံလူတန်းစာတွေဟာ ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်းဈေးနှုန်း အဆမတန် တက်လာတဲ့အခြေအနေကို ရင်ဆိုင်နေရပါတယ်။

June 15, 2026
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်အထိ ၅ နှစ်တာအတွင်း စစ်တပ်က ပြည်သူတွေနဲ့...
June 13, 2026
အတွဲလိုက် ဆောင်းဘောက်တွေ ဖွင့်လှစ်ပြီး ဆူညံသံတွေကြောင့် နိုင်ငံသားများရဲ့ ကျန်းမာရေး...
June 12, 2026
မွန်ပြည်နယ် စည်ပင်သာယာရေး ကော်မတီ ဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီး စစ်အစိုးရခန့် ပြည်နယ်...
June 11, 2026
အတွဲလိုက် ဆောင်းဘောက်တွေ ဖွင့်လှစ်ပြီး ဆူညံသံတွေကြောင့် နိုင်ငံသားများရဲ့ ကျန်းမာရေး...