ရန်ကုန်က သေဆုံးသူရုပ်အလောင်းတွေကို မြို့နယ်အလိုက် မီးသင်္ဂြိုလ်စက်တွေမှာ ခွဲတမ်းချသင်္ဂြိုလ်ဖို့ စီစဉ်နေရ

ရန်ကုန်က သေဆုံးသူရုပ်အလောင်းတွေကို မြို့နယ်အလိုက် မီးသင်္ဂြိုလ်စက်တွေမှာ ခွဲတမ်းချသင်္ဂြိုလ်ဖို့ စီစဉ်နေရ
ရေဝေးသုဿာန်မှာ ဇူလိုင်လ ၁၄ ရက်နေ့ ည ရှစ်နာခွဲ မြင်ကွင်း
ရေဝေးသုဿာန်မှာ ဇူလိုင်လ ၁၄ ရက်နေ့ ည ရှစ်နာခွဲ မြင်ကွင်း

မြန်မာနိုင်ငံမှာ ပျံ့နှံ့ကူးစက်မှုနှုန်းမြင့်လာတဲ့ ကိုဗစ်-၁၉ တတိယလိုင်းအတွင်း သေဆုံးသူတွေလည်း တိုးလာနေပြီး မီးသင်္ဂြိုလ်စက်တွေမှာ အလောင်းတွေပုံနေလို့ မြို့နယ်အလိုက် မီးသင်္ဂြိုလ်စက်တွေမှာ ခွဲတမ်းချသင်္ဂြိုလ်ကြဖို့ သုဿန်တာဝန်ရှိသူတွေက မေတ္တာရပ်ခံထားရပါတယ်။

ရန်ကုန်က ရေဝေးသုဿာန်မှာဆိုရင် မနေ့က ဇူလိုင်လ ၁၄ ရက်နေ့ ည ရှစ်နာရီလောက်အထိ မီးသင်္ဂြိုလ်ဖို့ ကျန်ရှိနေသေးတဲ့ ရုပ်အလောင်းအများအပြား ပုံနေသေးတာကို တွေ့ရပါတယ်။

ကိုဗစ် ၁၉ တတိယလိုင်းအတွင်း နေ့စဉ် လူတစ်ရာကျော် သေဆုံးနေပြီး သေဆုံးသူတွေအနက် အောက်ဆီဂျင်ပြတ်လတ်မှုကြောင့် သေဆုံးသူတွေအများဆုံး ဖြစ်တယ်လို့ ပရဟိတကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူတွေက ပြောပါတယ်။

ရန်ကုန်က မီးသင်္ဂြိုလ်စက်တွေမှာ ရုပ်အလောင်းတွေကို မီးချို့ဖို့ မနိုင်မနင်းဖြစ်နေရတဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ သုဿာန်တာဝန်ရှိသူတွေကို မဇ္ဈိမက ဆက်သွယ်မေးကြည့်ပေမယ့် ဖြေဆိုဖို့ ငြင်းဆန်ကြပါတယ်။

“ကျွန်တော်တို့ ဖြေကြားလို့မရပါဘူး။ အထက်ဌာနချုပ်က တာဝန်ရှိသူတွေကို မေးကြည့်ပါ” လို့ တညီတညွတ်တည်း ပြောကြပါတယ်။

ပရဟိတကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူတွေရဲ့အဆိုအရ ရေဝေးသုဿာန်မှာ ပြီးခဲ့တဲ့ရက်ပိုင်းကစတင်ပြီး နေ့စဉ် သေဆုံးသူ ရုပ်အလောင်း ၁၀၀ ကနေ ၂၀၀ အကြား မီးသင်္ဂြိုလ်နေရတယ်လို့ သိရပါတယ်။

ရေဝေးသုဿာန် တာဝန်ရှိသူတစ်ဦးက “အခက်အခဲကတော့ မရှိပါဘူး။ ပုံမှန်ထက်တော့ နည်းနည်း လေးများတာပေါ့။ ဒီလောက်ပါပဲ” လို့ မဇ္ဈိမကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ထပ်မံကြုံတွေ့လာရတဲ့ ကိုဗစ်-၁၉ တတိယလှိုင်းကာလအတွင်း ပြည်သူတွေဟာ ကုန်ဈေးနှုန်းမြင့်တက်မှုနဲ့ အောက်ဆီဂျင်ပြတ်လပ်မှုဒဏ်ကို အများဆုံး ကြုံတွေ့နေကြရတာပါ။

အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ဇူလိုင် ၁၄ ရက်နေ့ ထုတ်ပြန်ချက်အရ လူပေါင်း နှစ်သောင်းကျော်ကို စစ်ဆေးတဲ့အနက် လူပေါင်း ခုနှစ်ထောင်ကျော်မှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ပြီး သေဆုံးသူ ၁၀၉ ဦး ရှိခဲ့ပါတယ်။

Most read this week

August 3, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စု တပ်ဖွဲ့ဝင်များ၏...
August 3, 2026
ငဝန်မြစ်ရေကာတာ တာဘောင်ကျိုးကျမှုကြောင့် တစ်မြို့နယ်လုံးနီးပါး ရေကြီးရေလျှံမှု ဖြစ်ပွားနေသည့်...
August 1, 2026
စစ်အုပ်စုနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်သည့်...
July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...