စစ်ကောင်စီကို တိုက်ခိုက်တော့မယ်လို့ ဝန်းသို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပြော

စစ်ကောင်စီကို တိုက်ခိုက်တော့မယ်လို့ ဝန်းသို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပြော

အနိုင်ကျင့်၊ ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်မှုတွေကြောင့် စစ်ကောင်စီတပ်တွေနဲ့ သူတို့ရဲ့နောက်လိုက်ငယ်သားတွေကို တိုက်ခိုက်ရပါတော့မယ်လို့  ဝန်းသိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီကနေ့ ဇူလိုင် ၁၄ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ဝန်းသို့မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (WPDF) အနေနဲ့ နယ်မြေငြိမ်းချမ်းရေးကို အနှောက်အယှက်ပေးနေတဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ သူ့တို့ရဲ့ ကျောထောက်နောက်ခံ ရဲတပ်ဖွဲ့နဲ့၊ စစ်သားဟောင်းတွေ၊ အားပေးထောက်ခံသူတွေကို တိုက်ခိုက်တော့မှာလည်းဖြစ်ပါတယ်။

ပြည်ထောင်စု ဖက်ဒရယ်တပ်မတော် မပေါ်ထွက်လာမီကာလအတွင်း ပြည်သူကိုကာကွယ်ဖို့ တိုက်ခိုက်ရတာလို့လဲ ဆိုပါတယ်။

ဒါကြောင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းဒေသစိတ် လမ်းပိုင်းတွေကို အသုံးပြုနေတဲ့ ပြည်သူတွေအနေနဲ့ နေ့ပိုင်း ကားမှန်ဖွင့်မောင်းပေးပါရန်နဲ့ ညပိုင်း ကားအတွင်း မီးထွန်းမောင်းပေးပါရန် အသိပေးပါကြောင်းလည်း ထုတ်ပြန်ပါတယ်။

အကြောင်းကတော့ စစ်ကောင်စီတပ်တွေနဲ့ သူတို့ရဲ့နောက်လိုက်တွေနဲ့ မှားယွင်းပြီး အသက်အန္တရာယ်ထိခိုက်မှာစိုးလို့ အသိပေးရတာဖြစ်လို့ ပူးပေါင်းပါဝင်ပေးကြဖို့ကို တိုက်တွန်းကြောင်းလည်း ထုတ်ပြန်ချက်ထဲ ရေးသားထားပါတယ်။

ဓာတ်ပုံ - (မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည့် ကျေးရွာတစ်ရွာကို တွေ့ရစဉ် / Crd)
August 29, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များ တည်ရှိရာ ဒေသများသို့ ဦးတည်...
ဓာတ်ပုံ - (မန်ကတ်မြို့ သင်တန်းကျောင်း၌ စစ်မှုထမ်းရန် စုဆောင်းခံထားရသူများကို တွေ့ရစဉ် / MOI)
August 28, 2026
ရန်ကုန်နှင့် မန္တလေး မြို့ကြီးများတွင် စစ်မှုထမ်းရန် တပ်သားစုဆောင်းရေးအတွက်...
August 28, 2026
မန္တလေး အိုးဘိုအကျဉ်းထောင်အတွင်း ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများအပေါ် အောက်ခြေ ထောင်ဝန်...
August 27, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်အုပ်စုတပ် စစ်ကြောင်းသည်...