အာဏာသိမ်းမှုကိုဆန့်ကျင်၍ ဖမ်းဆီးခံခဲ့ရသည့် တောင်ကုတ် NLD ဥက္ကဋ္ဌ ဦးတင်သိန်းအောင် အာမခံဖြင့် လွတ်မြောက်

အာဏာသိမ်းမှုကိုဆန့်ကျင်၍ ဖမ်းဆီးခံခဲ့ရသည့် တောင်ကုတ် NLD ဥက္ကဋ္ဌ ဦးတင်သိန်းအောင် အာမခံဖြင့် လွတ်မြောက်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဦးတင်သိန်းအောင်သည် ယနေ့ ဇူလိုင်လ ၁၂ ရက်နေ့တွင် အာမခံဖြင့် လွတ်မြောက်လာကြောင်း သတင်းရရှိသည်။

ဦးတင်သိန်းအောင််သည် ယနေ့ နေ့လယ် ၃ နာရီခန့်က တောင်ကုတ်မြို့နယ်တရားရုံးမှ အာမခံ ငွေကျပ်သိန်း ၁ဝဝ ဖြင့် လွတ်မြောက်လာခြင်းဖြစ်ကြောင်း အမှုအား လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေ ဦးခင်မောင်ဌေးက ပြောသည်။

“အပြီးလွတ်လာတာ မဟုတ်ပါဘူး။ အမှုကို သူ့အိမ်ကနေ ရုံးချိန်းတွေကိုသွားပြီး ရင်ဆိုင်ရမှာပေါ့နော်။ သူ ကျန်းမာပါတယ်။ သူက ဆန္ဒထုတ်ဖော်တာတွေမှာ ပါဝင်ခဲ့တဲ့အတွက် ဖမ်းဆီးခံရပြီး တရားစွဲခံလိုက်ရတာပါ” ဟု ပြောသည်။

ဦးတင်သိန်းအောင်ကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက်နေ့ ညနေ ၅ နာရီခန့်၌ နေအိမ်မှ ရဲတပ်ဖွဲ့ဝင်အချို့က လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် သူ့အား ငြိမ်းစုစီပုဒ်မ ၁၉ နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ တို့ဖြင့် တရားစွဲဆိုခြင်းခဲ့ခြင်းဖြစ်ပြီး (၅) လအကြာတွင် လွတ်မြောက်လာခြင်းဖြစ်သည်။

ဦးတင်သိန်းအောင်အား ယခုလ ဇူလိုင် ၂၆ ရက်နေ့သို့ ရုံးချိန်းထားပြီး အဆိုပါရုံးချိန်းတွင် သူ့အား စွဲချက်တင်သင့်၊ မတင်သင့် စစ်ဆေးသွားမည်ဟုလည်း သိရသည်။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...