အာဏာသိမ်းမှုကိုဆန့်ကျင်၍ ဖမ်းဆီးခံခဲ့ရသည့် တောင်ကုတ် NLD ဥက္ကဋ္ဌ ဦးတင်သိန်းအောင် အာမခံဖြင့် လွတ်မြောက်

အာဏာသိမ်းမှုကိုဆန့်ကျင်၍ ဖမ်းဆီးခံခဲ့ရသည့် တောင်ကုတ် NLD ဥက္ကဋ္ဌ ဦးတင်သိန်းအောင် အာမခံဖြင့် လွတ်မြောက်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဦးတင်သိန်းအောင်သည် ယနေ့ ဇူလိုင်လ ၁၂ ရက်နေ့တွင် အာမခံဖြင့် လွတ်မြောက်လာကြောင်း သတင်းရရှိသည်။

ဦးတင်သိန်းအောင််သည် ယနေ့ နေ့လယ် ၃ နာရီခန့်က တောင်ကုတ်မြို့နယ်တရားရုံးမှ အာမခံ ငွေကျပ်သိန်း ၁ဝဝ ဖြင့် လွတ်မြောက်လာခြင်းဖြစ်ကြောင်း အမှုအား လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေ ဦးခင်မောင်ဌေးက ပြောသည်။

“အပြီးလွတ်လာတာ မဟုတ်ပါဘူး။ အမှုကို သူ့အိမ်ကနေ ရုံးချိန်းတွေကိုသွားပြီး ရင်ဆိုင်ရမှာပေါ့နော်။ သူ ကျန်းမာပါတယ်။ သူက ဆန္ဒထုတ်ဖော်တာတွေမှာ ပါဝင်ခဲ့တဲ့အတွက် ဖမ်းဆီးခံရပြီး တရားစွဲခံလိုက်ရတာပါ” ဟု ပြောသည်။

ဦးတင်သိန်းအောင်ကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက်နေ့ ညနေ ၅ နာရီခန့်၌ နေအိမ်မှ ရဲတပ်ဖွဲ့ဝင်အချို့က လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် သူ့အား ငြိမ်းစုစီပုဒ်မ ၁၉ နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ တို့ဖြင့် တရားစွဲဆိုခြင်းခဲ့ခြင်းဖြစ်ပြီး (၅) လအကြာတွင် လွတ်မြောက်လာခြင်းဖြစ်သည်။

ဦးတင်သိန်းအောင်အား ယခုလ ဇူလိုင် ၂၆ ရက်နေ့သို့ ရုံးချိန်းထားပြီး အဆိုပါရုံးချိန်းတွင် သူ့အား စွဲချက်တင်သင့်၊ မတင်သင့် စစ်ဆေးသွားမည်ဟုလည်း သိရသည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...