ကြာအင်းဆိပ်ကြီးမြို့နယ် စစ်ကောင်စီဥက္ကဋ္ဌ ကိုဗစ်ပိုးကူးစက်ခံရ

ကြာအင်းဆိပ်ကြီးမြို့နယ် စစ်ကောင်စီဥက္ကဋ္ဌ ကိုဗစ်ပိုးကူးစက်ခံရ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၏ စစ်ကောင်စီဥက္ကဌဖြစ်သူ ဦးမျိုးဟန်သည် Covid-19 ပိုး ကူးစက်ခံရသည်ဟု မြို့နယ်လူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရှိရသည်။

ယမန်နေ့ ဇူလိုင် ၁၂ ရက်နေ့တွင် မြို့နယ်စစ်ကောင်စီဥက္ကဌအား ကိုဗစ်ပိုးစစ်ဆေးသည့်ကိရိယာဖြင့် စစ်ဆေးရာတွင် COVID-19 ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ကေအိုင်စီသို့ ပြောသည်။

“မြို့နယ်အုပ်ချုပ်ရေးမှူး ပိုးတွေ့တယ်။ ခု ဆေးရုံမှာ ကုသမှုခံယူနေတယ်။ အနီးကပ်ထိတွေ့ထားတဲ့လူတွေ စစ်ဆေးမယ်လို့ပြောတယ်။ သူ့ဝန်ထမ်းတွေလည်း ပါမှာပေါ့။ အခုလည်း ပိုးတွေ့လူနာ ထပ်တိုးတာရှိတယ်။ ဆေးရုံဝန်ထမ်းတွေကိုလည်း စစ်ဆေးမှုတွေလုပ်နေတယ်” ဟု ၎င်းကပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်နေ့တွင် ကိုဗစ်ပိုးကူးစက်ခံရမှု ထပ်မံဖြစ်ပွားပြီးနောက် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် စာသင်ကျောင်းများနှင့် လမ်းမကြီးအချို့တွင် သွားလာကန့်သတ်မှုများ ပြုလုပ်လာပြီး ကိုဗစ်ပိုးကူးစက်ခံထားရသူ ၁၅ ဦးကျော်ရှိသည်ဟု အုပ်ချုပ်ရေးအဖွဲ့များထံမှ သိရသည်။

May 13, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းဟောင်းလမ်းပိုင်းနှင့် အောက်ဘိုတဲဒေသတဝိုက်တွင်...
May 12, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးနှင့် ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာတချို့တို့တွင် ယခုနှစ်နွေရာသီ...
May 11, 2026
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA နယ်မြေအတွင်းရှိ ဒေသခံလူထုများ ကြုံတွေ့နေရသည့်...
May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...