ကိုဗစ်ကူးစက်မှု မြင့်တက်နေတဲ့ မော်လမြိုင်မှာ လူစုလူဝေးနဲ့ ဆိုင်ကယ်လိုင်စင် ထုတ်ပေးနေ

ကိုဗစ်ကူးစက်မှု မြင့်တက်နေတဲ့ မော်လမြိုင်မှာ လူစုလူဝေးနဲ့ ဆိုင်ကယ်လိုင်စင် ထုတ်ပေးနေ

မော်လမြိုင်မြို့မှာ ကိုဗစ်အတည်ပြုလူနာနဲ့ သေဆုံးသူတွေ ဆက်တိုက်မြင့်တက်နေတဲ့အချိန်မှာ အာဏာသိမ်းစစ်ကောင်စီက လိုင်စင်မဲ့မော်တော်ဆိုင်ကယ်တွေကို လူစုလူဝေးနဲ့ လိုင်စင်ထုတ်ပေးနေပါတယ်။

လိုင်စင်မဲ့ဆိုင်ကယ်တွေကို ဇူလိုင် ၇ ရက်နေ့ကတည်းက စတင်လုပ်ဆောင်ပေးနေတာဖြစ်ပါတယ်။

အခုလိုလုပ်ဆောင်ရာမှာ ကျန်းမာရေးဦးစီးဌာန ညွှန်ကြားချက်နဲ့အညီ ဆောင်ရွက်ပေးနေတာဖြစ်ပြီး ပြည်သူတွေလည်း စည်းကမ်းလိုက်နာဖို့လိုတယ်လို့ မွန်ပြည်နယ် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်သိင်္ဂီတိုးက ပြောပါတယ်။

“ပြည်သူတွေအဓိကပေါ့နော်၊ ကျွန်မတို့ဝန်ထမ်းတွေက အထက်ကအမိန့်ပေးရင် တာဝန်ထမ်းဆောင်ပေးရမှာပါရှင့်၊ ပြည်သူတွေက ကိုဗစ်ဖြစ်နေတာကို သိရှိနားလည်ပြီးတော့ ခပ်ခွာခွာနေမယ်ဆိုရင် ဒါ အားလုံးအဆင်ပြေမှာပါရှင့်” လို့ ဒေါ်သိင်္ဂီတိုးက ဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ အခွန်ဝင်ငွေရရှိမှု နည်းပါးနေတဲ့အချိန်မှာ လိုင်စင်မဲ့ဆိုင်ကယ်တွေကို လိုင်စင်ထုတ်ပေးပြီး အခွန်ရဖို့ ကြိုးပမ်းလာတာဖြစ်ပါတယ်။

ဒီအခြေအနေမှာ မော်လမြိုင်ဒေသခံ ပြည်သူတစ်ဦးက “ဒါကတော့ လုံးဝမဖြစ်သင့်ဘူး ကိုဗစ်ကြောင့် ဒီလောက် လူသေနေတာ၊ အားလုံးဒုက္ခရောက်အောင် ဖန်တီးပေးတာလို့ပဲမြင်တယ်” လို့ ဆိုပါတယ်။

မွန်ပြည်နယ်မှာတော့ ဇူလိုင် ၁၁ ရက်နေ့ထိ ကိုဗစ်အတည်ပြုလူနာ ၂၆၀၀ ကျော်ထိရှိလာပြီး ကိုဗစ်အတည်ပြုလူနာ ၈၀ ကျော် သေဆုံးထားပါတယ်။

August 6, 2026
မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ...
ပုံဟောင်း (Crd)
August 5, 2026
မွန်ပြည်၊ သထုံခရိုင်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဒေသခံပြည်သူများကို ဒေသန္တရအမိန့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 4, 2026
မွန်ပြည်တွင် စစ်တပ်က ကျားဖြန့်လုပ်ငန်းများမှ သိမ်းဆည်းထားသည့် လူအသုံးအဆောင် ပစ္စည်းများကို...
August 3, 2026
စစ်အုပ်စု အနေဖြင့် နိုင်ငံတော်သစ်တည်ဆောက်ရေးကို အရှိန်ရအောင် နှစ်နှစ် အချိန်ယူမည်ဖြစ်ပြီး...