ရခိုင်တွင် ကိုဗစ်တတိယလှိုင်းဖြစ်နေသည့် (၂) လအတွင်း လူ ၁၃ ဦးသေဆုံးပြီး ၈ဝဝ ကျော် ကူးစက်ခံရ

ရခိုင်တွင် ကိုဗစ်တတိယလှိုင်းဖြစ်နေသည့် (၂) လအတွင်း လူ ၁၃ ဦးသေဆုံးပြီး ၈ဝဝ ကျော် ကူးစက်ခံရ
ရွှေရောင်မေတ္တာဖောင်ဒေးရှင်း
ရွှေရောင်မေတ္တာဖောင်ဒေးရှင်း

ရခိုင်ပြည်နယ်တွင် ကိုဗစ်တတိယလှိုင်းဖြစ်ပွားနေသည့် (၂) လအတွင်း လူ ၁၃ ဦးသေဆုံးပြီး ၈ဝဝ ကျော် ကူးစက်ခံနေရသည်ဟု ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ထားသည်။

ရခိုင်တွင် ကိုဗစ်တတိယလှိုင်းသည် ပြီးခဲ့သည့်မေလ ၁၂ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ နယ်စပ်ကုန်သွယ်ရေးလုပ်ကိုင်၍ ပြန်လာသည့် မော်တော်ဘုတ်မှ စတင်ကူးစက်ပြန့်ပွားလာခြင်းဖြစ်ပြီး ယနေ့ ဇူလိုင်လ (၁၂) ရက်ဆိုလျှင် (၂) လတင်းတင်းပြည့်မြောက်သွားပြီဖြစ်သည်။

ယင်း (၂) လအတွင်း ကိုဗစ်ရောဂါဖြစ်ပွားကြောင့် ရခိုင်တွင် လူ ၁၃ ဦးသေဆုံးပြီး ၈ဝဝ ကျော် ရောဂါကူးစက်ခံနေရသည်ဟု ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက ယနေ့ ဇူလိုင်လ ၁၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ကိုဗစ်ရောဂါကူးစက်ခံရမှုနှင့် သေဆုံးသူမြင့်တက်လာနေမှုနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က “ကိုဗစ်ကတော့ ကျနော်တို့ရဲ့ပတ်ဝန်းကျင်မှာ ရှိနေပြီပေါ့နော်။ ဘယ်သူ့မှာ ရောဂါပိုးရှိမှန်း မသိတဲ့အတွက် အဓိကကတော့ ကျနော်တို့ ကိုယ့်ကိုကိုယ်မကူးစက်အောင် ကာကွယ်ဖို့ပဲ အရေးကြီးပါတယ်။ အဲတော့ လူတစ်ဦးတစ်ယောက်ချင်းဟာ အသိစိတ်နဲ့ကာကွယ်မှပဲ ကျနော်တို့က ရောဂါကူးစက်မှုကို နည်းနိုင်သမျှနည်းအောင် ရှောင်လွဲလို့ရမှာပေါ့နော်” ဟု နိရဥ္စရာကိုပြောသည်။

ရောဂါကူးစက်၍ သေဆုံးသူများမှာ စစ်တွေမှ (၃) ဦး၊ ကျောက်ဖြူမှ (၁) ဦး၊ သံတွဲမှ (၂) ဦး၊ တောင်ကုတ်မှ (၂) ဦးနှင့် မောင်တောမှ (၅) ဦး၊ စုစုပေါင်း (၁၃) ဦးဖြစ်သည်။

လက်ရှိအချိန်ထိ ရောဂါဖြစ်ပွားနေသည့် မြို့နယ်အသီးသီးရှိ ဆေးရုံများတွင် လူပေါင်း ရဝဝ ခန့် တက်ရောက်ကုသနေရပြီး ရောဂါသက်သာလာ၍ ဆေးရုံမှဆင်းသွားသူ ၁၅ဝ ခန့်ရှိသွားပြီဟုလည်း ဆိုသည်။

“ကျနော်တို့ တစ်ကမ္ဘာလုံးကူးစက်သွားတဲ့ ရောဂါဖြစ်နေတယ်ပေါ့နော်။ အဲတော့ ကျနော်တို့ နိုင်ငံပေါင်းများစွာမှာလည်း ကျနော်တို့ ရောဂါဖြစ်နေကြတယ်။ အဲတော့ ကျနော်တို့ရဲ့ အိမ်နီးချင်းနိုင်ငံ ဘင်္ဂလားဒေ့ရှ်မှာဆိုရင်လည်း ဒါဖြစ်ပြီးတော့ သေတာတွေလည်း များနေတယ်ပေါ့နော်။ အဲတော့ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့သည် second wave မှာလည်း ရောဂါကူးစက်မှုတွေရှိခဲ့တယ်။ ဒါ မယုံလို့တော့ မရဘူးပေါ့နော်” ဟု ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

ရခိုင်တွင် ကိုဗစ်ပထမလှိုင်းနှင့် ဒုတိယလှိုင်းဖြစ်ပွားခဲ့သည့် ပြီးခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ်၊ မတ်လမှ ယခုနှစ် ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအထိ လူပေါင်း ၃၇ ဦးသေဆုံးပြီး ၄၂၆၄ ဦး ရောဂါကူးစက်ခံခဲ့ရသည်။

August 4, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တွင် စစ်ဘေးရှောင်နေကြသည့် ရေလုပ်သားများသည် ပင်လယ်ပြင်တွင် ငါးရှာ...
August 3, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ရှိ ဂျိတ္တောရပ်ကွက်အပြင် ကျောက်ဖြူမြို့နယ်၊ စနဲမြို့ကိုလည်း...
August 1, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာကို စစ်တပ်က လေကြောင်းမှ...
July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...