ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွင် ဒေသခံပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ကြောင်း ချင်းပြည်နယ် ဝန်ကြီးချုပ်ဆို

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွင် ဒေသခံပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ကြောင်း ချင်းပြည်နယ် ဝန်ကြီးချုပ်ဆို
by -
ခိုနူမ်းထုန်
ချင်းပြည်နယ်ရှိ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်သည့်နေရာမှာ မိမိတို့အစိုးရတစ်ခုတည်းဖြင့် ဖော်ဆောင်၍ မရနိုင်ကြောင်းနှင့် ဒေသခံပြည်သူများ၏ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှု လိုအပ်ကြောင်း ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်က ပြောသည်။

ပြီးခဲ့သည့် မေလ ၂၀ ရက်နေ့က ဖလမ်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးအပြီး ဖလမ်းမြို့နယ် ရမ်ထလို ကျေးရွာအုပ်စု တလန်ဇာရ်ကျေးရွာ၌ ကျေးလက်နေဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့ စဉ် ပြည်နယ်ဝန်ကြီးချုပ်က ယခုကဲ့သို့ ပြောဆိုခဲ့ကြောင်း ဟားခါးမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးငှာန facebook စာမျက်နှာတွင် ဖော်ပြသည်။

“ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ရာတွင် အစိုးရအနေဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေသလို ဒေသခံပြည်သူများ၏ ဝိုင်းဝန်းပူးပေါင်း ဖော်ဆောင်ရွက်မှသာလျှင် မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်လာမည်”ဟု ၀န်ကြီးချူပ်ကပြောသည်။

ထို့နောက် ချင်းပြည်နယ်အစိုးရအဖွဲ့မှ ကျေးရွာဖွံ့ဖြိုးရေးအတွက် ထောက်ပံံ့ငွေကျပ် သိန်း (၅၀)ကို ပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က ပေးအပ်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးက လက်ခံရယူပြီး ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ဖွံ့ဖြိုးရေးလုပ်ငန်း များနှင့် ပတ်သက်၍ မိမိတို့ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟားခါး-ဖလမ်းကားလမ်းပေါ်၌ စက်ယန္တရားများဖြင့် မြေကာနံရံ များဆောင်ရွက် နေမှှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ မိုးဦးမကျမီကာလအတွင်း အချိန်မီပြီးစီးရေးတို့ကို လမ်းညွှန်မှာကြားကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖလမ်းမြို့လေယာဉ်ကွင်း(ဆူရ်ဘုန်) တည်ဆောက်ရေး လုပ်ငန်းခွင်သို့ ကြည့်ရှုစစ်ဆေးခဲ့သလို လိုင်ဗားဆည်သို့ ရောက်ရှိကြရာ ဆည်အတွင်း ရေသိုလှောင်ထားရှိမှုနှင့် ဆည်တာ တမံကြံ့ခိုင် မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဆည်ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ သစ်တောများထိန်းသိမ်းရေးတို့ကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...